အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 24, 2016

အိုင်ယာလန်နိုင်ငံက ဖအေမတူ မအေကွဲ အမြွှာ ညီအစ်မ




ဒီ မိန်းကလေး ၂ ယောက် ကတော့ အမြွှာလို့ကို ထင်မှတ် ရလောက်အောင် ရုပ်ချင်း ဆင်နေကြ ပါတယ်။ ဒါပေမယ့် သူမ တို့ ၂ ယောက်ဟာ ဆွေးမျိုး တော်စပ် ခြင်း လုံးဝ မရှိပါဘူး။

Niamh Geaney ဆိုသူ ကောင်မလေး တစ်ယောက် ဟာ TwinStrangers.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ သူမနဲ့ ရုပ်ချင်း အရမ်း ဆင်လွန်းတဲ့ Irene Adams ဆိုသူ ကောင်မလေး တစ်ယောက်နဲ့ ခင်မင် တွေ့ဆုံခဲ့ ရပါတယ်။

အဲဒါကြောင့် သူမတို့ ၂ ယောက်ဟာ သွေးသား တော်စပ်ခြင်း ရှိ/မရှိ စစ်ဆေးကြည့်ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။



အဲဒီ အခါမှာတော့ အံအားသင့် စရာက သူမတို့ ၂ ယောက်ဟာ ညီအစ်မ ဖြစ်နိုင်ချေ ၁.၁ ရာခိုင်နှုန်း ရှိနေတာကို တွေ့ရ ပါတယ်။ ဒါပေမယ့် သွေးသား တော်စပ်တဲ့ လက္ခဏာ မျိုးတော့ ရလဒ် မှာ ဖော်ပြ ထားခြင်း မရှိပါဘူး။ ရုပ်ချင်း ဆင်ကြတာပဲ ရှိပြီး သူမတို့ ၂ ယောက်လုံးဟာ အိုင်ယာလန်သူ တွေလည်း ဖြစ်နေ ကြပါတယ်။

သူမတို့ ၂ ယောက်အနေနဲ့ သွေးသား တော်စပ်ခြင်း မရှိရခြင်း အကြောင်း အရင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်း လောက် ကတည်းက Niamh ရဲ့  ဘိုးဘေး ဘီဘင် မျိုးရိုးဟာ အနောက်တောင် အာရှ မှာ အခြေစိုက် ခဲ့တာ ဖြစ်ပြီး Irene ရဲ့  မူလ မျိုးရိုး ကတော့ အီရတ်နိုင်ငံနဲ့ အီရန် နိုင်ငံတို့ ကြားက နယ်ခြား စည်းမျဉ်း ဒေသ ဖြစ်တဲ့ မီဆိုပိုတေး မီးယား မှာ အခြေစိုက် ခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ Niamh ကတော့ "ကျွန်မတို့ ၂ ယောက်လုံးဟာ ကျွန်မတို့များ သွေးသား တော်စပ်နေ မလား ဆိုတာကို ဖော်ထုတ်ဖို့ သဘာဝ နည်းလမ်းတွေကို အသုံးပြု ခဲ့ပါတယ်။

YouTube နဲ့ လူမှု မီဒီယာတွေမှာ လည်း ကွန်မန့်တွေ ပေးပြီး တောင်းဆို ခဲ့ကြ တာက ကျွန်မတို့ ၂ ယောက် တစ်ကယ် အမျိုး မတော်ကြဘူး ဆိုတာကို သက်သေ ပြပေးဖို့ပါ။ အဲဒါကြောင့် နောက်ဆုံးမှာ ကျွန်မတို့ စစ်ဆေးမှု လုပ်ခဲ့ ကြပါတယ်။" လို့ ပြောပြပါတယ်။

တစ်ကယ်တော့ Niamh ဟာ နာမည်တူ လူတူ မရှား ဆိုသလိုပဲ သူမနဲ့ ရုပ်ချင်းဆင်တဲ့ သူတွေကို ရှာဖွေ ချင်စိတ်ရှိခဲ့တဲ့ အတွက် TwinStrangers.com ၀က်ဘ်ဆိုက်ကို ကိုယ်တိုင် တည်ထောင်ခဲ့ပြီး ရှာဖွေနေ ခဲ့တာပဲ ဖြစ်ပါတယ်။

သူမ ဟာ Irene နဲ့ မတွေ့ခင် တုန်းကလည်း Karen Branigan ၊ Luisa Guizzardi ဆိုတဲ့ ကောင်မလေးတွေနဲ့ ရုပ်ချင်း ဆင်တာကို တွေ့ခဲ့ဖူး ပါတယ်။

ဒါပေမယ့်လည်း Irene ကတော့ သူမနဲ့ ရုပ်ချင်း အဆင်တူ ဆုံးပါပဲ။ လက်ရှိမှာတော့ Irene နဲ့ Niamh တို့ ၂ ယောက်လုံးဟာ အိုင်ယာလန် နိုင်ငံရဲ့  မြို့ တော် ဒဗ္ဗလင် မြို့  မှာ နေထိုင် နေကြ ပါတယ်။

Ref : Mirror

Originally published at - http://knowledge.thithtoolwin.com/2016/01/blog-post_25.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...