
ဗြိတိန် အောက်ဖိုဒ့် ရှိုင်းယား ကောင်းကင် ပေါ်မှာ ဆက်ရက်တွေ ၇ သောင်းကျော် ပျံဝဲခဲ့ ပါတယ်။
ကောင်းကင်ပေါ်က ဘဲလေးလို့ ဒီဖြစ်ရပ်ကို တင်စား ခေါ်ဝေါ် ခဲ့သလို ရိုက်ကူး ထားတဲ့ ရုပ်သံဖိုင် ကိုလည်း ဖေဖော်ဝါရီ ၉ ရက်က အင်တာနက် ပေါ် တင်ခဲ့ ပါတယ်။
တက္ကသိုလ်က ပါမောက္ခ အန်နီဂွတ်အီနပ် ကတော့ ဒီဖြစ်ရပ်ဟာ အံ့သြဖွယ် ဆန်းပြားတဲ့ ဖြစ်ရပ်လို့ ပြောပါတယ်။
ဒီရုပ်သံကို ကြည့်တဲ့ လူတိုင်းက အံ့သြခဲ့ သလို တောင်ပံ ခတ်သံဟာလည်း တခုတည်းလို ကြားရတယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ဖြစ်ပွားရတဲ့ အကြောင်း အရင်း ကိုလည်း တက္ကသိုလ်က စစ်တမ်း လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/134926

No comments: