
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက ငါးပြတိုက် တခုမှာ ပင်လယ်ဖျံ မကြီး တကောင်ဟာ မတ်လ ၅ ရက်နေ့က ကလေးမွေးဖွား ခဲ့ပါတယ်။
မကြာသေး ခင်က ကယ်လီဖိုးနီးယား ပြည်နယ်အနှံ့ ရေကြီးရေလျှံမှုတွေဖြစ်တဲ့ ကာလအတွင်းမှာ မွန်ထရေးဘေး ငါးပြတိုက်ထဲက ဒီရေကန်တခုထဲမှာ ရှိနေခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မွေးဖွားလာတဲ့ ဖျံပေါက်စလေးကို နွေးနွေးထွေးထွေး စောင့်ရှောက်ခဲ့တာ တွေ့ရပါတယ်။
ငါးပြတိုက်ထဲက သုတေသန ပညာရှင်တွေဟာ ပင်လယ်ဖျံတွေရဲ့ မွေးဖွားမှုကို နှစ်ကာလကြာတည်းက စောင့်ကြည့်ခဲ့ကြပေမယ့် ခုလောက် နီးနီးကပ်ကပ်တော့ မတွေ့ဖူးကြသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
ပင်လယ်ဖျံတွေရဲ့ သဘာဝအရ မွေးဖွားခြင်းကို ကုန်းပေါ်မှာရော ရေထဲမှာပါ ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/138587

No comments: