
ကာရိုလိုင်းနား တောင်ပိုင်းက ၂ နှစ် အရွယ် ကလေးငယ် လေးဟာ သူဘောင်းဘီ ၀တ်ဆင်ဖို့ အခက်တွေ့ နေတာမို့ အရေးပေါ် ဖုန်းနံပါတ် 911ကို ဖုန်းခေါ် ခဲ့ပါသတဲ့။
ရဲအရာရှိ Martha Lohnes က ဗုဒ္ဓဟူးနေ့က ကလေးငယ် တစ်ဦးရဲ့ အရေးပေါ်ဖုန်းခေါ်သံကြောင့် အကူအညီ ပေးဖို့ ၀န်ထမ်းတွေ လွှတ်ပေးခဲ့ ရပါသတဲ့။
“ ကျွန်မ အိမ်ကိုလည်း ရောက်သွာရော ဘောင်းဘီ တစ်ဝက် တစ်ပျက် ၀တ်ထားပြီးတဲ့ ကလေးမလေးက အိမ်တံခါးဝကို ထွက်လာပြီး သူဘောင်းဘီ ၀တ်လို့ မရတဲ့ အကြောင်း ကျွန်မကို ပြောပြ တော့ပါပဲ။
ဒါနဲ့ ကျွန်မလည်း လှေကားထစ်မှာ ထိုင်ပြီး သူ့ကို ဘောင်းဘီ ၀တ်ပေး လိုက်တယ်။ ပြီးတော့ ကလေးလေးက သူ့ကို ချီပြီး ဖက်ထားပေးဖို့ ပြောသေးတယ်။
ကျွန်မရဲ့ ဒီနေ့ ဂျူတီချိန် အတွက်တော့ အကောင်းဆုံး အခိုက် အတန့်လေး ဖြစ်သွားပါတယ်။” လို့ ဌာနရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ဖော်ပြ ရေးသား ထားပါတယ်
Lohnes ကတော့ Aliyah လို့ခေါ်တဲ့ ကလေးမလေးကို ခုလို အရေးပေါ် အခြေအနေမှာ ဘာလုပ် ရမယ်ဆိုတာကို သိတဲ့ အတွက် အတော် အထင်ကြီး သွားမိ ပါသတဲ့။ ဘယ်လို အခြေအနေ ကိုမှ တကယ့် အရေးပေါ်လို့ မသိပေမယ့်ပေါ့လေ။
“ ဒီလို ၂ နှစ် အရွယ် ကလေးငယ်လေးဟာ 911 ကို ခေါ်ဖို့ သိတယ် ဆိုတာ တကယ့်ကို အံသြ စရာပါပဲ “ လို့ Lohnes က WSPA-TV ကို ပြောသွား ပါသေးတယ်။
Aliyah ရဲ့မိခင်ဖြစ်သူ Ryan ကတော့ သမီးလေးကို အရေးပေါ် အခြေအနေတွေ ဖြစ်ရင် 911 ကို ဖုန်းခေါ် ရတယ်ဆိုတဲ့ အကြောင်း ပြောပြ ထားဖူး ပါသတဲ့။
“ ကျွန်မတို့က သူ့ကို ဒီနံပါတ်ခေါ်လို့ ရတယ်လို့ပဲ ပြောပြဖူးလို့ သူခုလို တကယ်ခေါ်လိုက်တော့ ကျွန်မတို့ အရမ်း အံ့အားသင့် သွားရတာပေါ့” လို့ Ryan က ဆိုပါတယ်။
Ref : UPI
Originally published at - http://knowledge.thithtoolwin.com/2016/04/911.html

No comments: