အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 17, 2016

စက်ရုပ် ၈ရုပ်နဲ့ အတူ ရှော့ပင်းထွက်ခဲ့တဲ့ တရုတ် ခရိုနီ တစ်ဦး




တရုတ်နိုင်ငံက သန်းကြွယ် သူဌေး ခရိုနီ တစ်ဦးဟာ ပြီးခဲ့တဲ့ အပတ်က ရှော့ပင်း စင်တာ တစ်ခုမှာ စက်ရုပ် ၈ ရုပ်နဲ့ အတူ ဈေးဝယ် ထွက်လာတာကို တွေ့ခဲ့ ရပါတယ်။

အသက် အရွယ် အလယ် အလတ် သာရှိသေးတဲ့ ထို တရုတ် ခရိုနီ သူဋ္ဌေးဟာ Guangzhou ပြည်နယ်မှာရှိတဲ့ ရှော့ပင်း စင်တာ တစ်ခုကို ဈေးဝယ် ထွက်ထားပြီး လူသားနဲ့ အလွန်တူတဲ့ စက်ရုပ် ၈ ရုပ်က သူဝယ်ယူ ထားတဲ့ ပစ္စည်းတွေကို သယ်ယူ ပေးနေတာကို တွေ့ရပါတယ်။

ဓါတ်ပုံတွေ ထဲမှာတော့ ထိုစက်ရုပ်တွေဟာ တရုတ် ခရိုနီ သူဋ္ဌေးရဲ့  ရေ ၊ ကုတ်အကျီင်္ နဲ့ တစ်ဘက် တို့ကိုလည်း သယ်ယူ ပေးနေတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း ထို အမည် မဖော်လိုသူ တရုတ်သူဋ္ဌေး ကို တရုတ်ပြည်တွင်း မီဒီယာ တွေက “Tuhao” လို့ သမုတ်ပြီး ခေါ်ဝေါ်ခဲ့ ကြပါတယ်။ အဓိပ္ပာယ်ကတော့ အသက်ကြီးပြီး အချိန်မစီးသူ ၊ ချမ်းသာပြီး အရသာ မရှိသူ လို့ အဓိပ္ပာယ် ရပါတယ်။



တရုတ်နိုင်ငံ Guizhou ပြည်နယ်မှာ ရှိတဲ့ Guiyang မြို့တော်မှာ ရှိတဲ့ စားသောက်ဆိုင် တစ်ခု ဟာလည်း လူသားနဲ့ တူတဲ့ စက်ရုပ်တွေကို ၀န်ထမ်း အဖြစ် အသုံးပြုပြီးတဲ့ နောက်မှာ စက်ရုပ်တွေဟာ တရုတ်နိုင်ငံရဲ့ ရေပန်း အစားဆုံး အရာများ ဖြစ်လာ ခဲ့ပါတယ်။

ဟောင်ကောင်မှာရှိတဲ့ အသက် ၄၂ နှစ် အရွယ် ဂရပ်ဖစ် ဒီဇိုင်နာ တစ်ဦးဖြစ်သူ Ricky Ma ဟာလည်း ဒေါ်လာ ၅ သောင်းခန့် အသုံးပြုပြီး Mark 1 လို့ခေါ်တဲ့ အမျိုးသမီး ပုံစံ စက်ရုပ် တစ်ရုပ်ကို တီထွင်ခဲ့ တာကြောင့် နာမည်ကျော်ကြား ခဲ့ဖူးပါတယ်။

Ref : Mirror

Originally published at - http://knowledge.thithtoolwin.com/2016/04/blog-post_23.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...