အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 8, 2015

ပေကျင်းမြို့က၊ ယာဉ်ကြော ၅၀ ပါ လမ်းမမှာ ကမ္ဘာ့အရှည်ဆုံး ယာဉ်ကြောပိတ်ဆို့



နောက်တစ်ခါ သင် ကားပိတ်တာ ကြုံလို့ စိတ်ညစ်နေပြီ ဆိုရင်၊ ဘေဂျင်းမြို့ သားတွေကို စာနာ ကြည့်လိုက်ပါ။

မကြာသေး ခင်က တရုတ်နိုင်ငံရဲ့ ရက်သတ္တ ပတ်ကြာ အမျိုးသား ရုံးပိတ်ရက် အတွင်း သန်းပေါင်း များစွာသော လူတွေဟာ မိမိနေအိမ်ကို ပြန်ကြ ရာမှာ အခုလို ယာဉ်ကြော ပိတ်ဆို့
မှု ဖြစ်ပွားခဲ့ ပါတယ်။

ဘေဂျင်းမြို့ တော်အစွန်ဘက်မှာ စစ်ဆေးရေး ဂိတ်အသစ် တစ်ခုကို ဆောက်လုပ် ထည့်သွင်း ပြီးနောက်မှာ ယာဉ်ကြော ၅၀ တောင်ရှိတဲ့ အဝေးပြေး လမ်းမကြီးဟာ ကားတွေ ရှေ့ ကို မဆက်ရွေ့ နိုင်လောက်အောင် ယာဉ်ကြော ပိတ်ဆို့ မှုကြီး ဖြစ်ပွား ခဲ့ပါတယ်။ စစ်ဆေးရေး ဂိတ်ရဲ့ တစ်ဖက်ခြမ်းမှာ လမ်းကြောဟာ ၅၀ ကနေ လမ်းကြော ၂၀ အထိ နည်းသွားပြီး ကားတွေ စုပြုံတိုးကာ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

တစ်ပတ်ကြာ ကြာမြင့်တဲ့ အမျိုးသား ရုံးပိတ် ရက်ရှည် အတွင်း အိမ်ပြန်ကြတဲ့ လူတွေဟာ မျက်စိ တစ်ဆုံး ရှည်လျားလှတဲ့ ယာဉ်ကြော ပိတ်ဆို့မှု အတွင်းမှာ ပိတ်မိကာ နာရီပေါင်း များစွာကြာအောင် စောင့်ဆိုင်း ခဲ့ရပါတယ်။

ယာဉ်မောင်းသူ အများအပြားဟာ ဒီပိတ်ဆို့ မှုကြီးမှာ အချိန်ကုန်နေမယ့် အစား ကားတွေကို စွန့် ခွာပြီး လမ်းမပေါ်မှာပဲ လမ်းလျှောက်သွားဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။

တရုတ်နိုင်ငံ ခရီးသွား လုပ်ငန်း အုပ်ချုပ်ရေးဌာနက တရုတ်နိုင်ငံ လူဦးရေရဲ့ တစ်ဝက် နီးပါးရှိတဲ့၊ လူပေါင်း သန်း ၇၅၀ ကျော်ဟာ Golden Week လို့ ကျော်ကြားတဲ့ အမျိုးသား ရုံးပိတ်ရက်ရှည် အတွင်းမှာ ခရီးသွား လာကြလိမ့်မယ်လို့ အကြမ်းဖျင်း ခန့် မှန်းထား ပါတယ်။

( Ye Wint )

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_86.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...