အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 8, 2015

မိခင်က ရေဒီယိုသတ္တိကြွ အဆိပ်သင့်ပြီးနောက် မျက်စိတစ်လုံးသာ ပါသည့် ကလေးငယ်ကို မွေးဖွား



Only days to live ... doctors think the baby’s deformities could be the result of medicines taken by the mother or from being exposed to radiation.
Baby born with one eye in the middle of his forehead and no nose in Egypt

ကိုင်ရို ၊ ၈-၁၀-၂၀၁၅

အီဂျစ်နိုင်ငံတွင် ကိုယ်ဝန်ဆောင် မိခင်တစ်ဦး သည် သားအိမ်ကို ရေဒီယို သတ္တိကြွ အဆိပ်သင့်မှု ခံရပြီးနောက် နှာခေါင်း မပါဘဲ နဖူး အလယ်တွင် မျက်စိ တစ်လုံးတည်းသာ ပါရှိသည့် ကလေးငယ်ကို မွေးဖွား ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် ရှားပါးလှသော Cyclopia ရောဂါ ခံစား နေရသည့် အတွက် ရက်အနည်းငယ် ထက် ပို၍ အသက် ရှင်နိုင်စွမ်း ရှိမည် မဟုတ်ကြောင်း ဆရာဝန် များက ယူဆ ထားသည်။

ရှားပါးလှသော Cyclopia ရောဂါခံစား ရသူသည် ပုံပျက် ပန်းပျက် ပုံစုံဖြင့် မွေးဖွား လာပြီး မကြာမီတွင် သေဆုံး သွားကြောင်း လေ့လာမှုများ အရ သိရသည်။

ထို့ပြင် ယခုကဲ့သို့ ပုံပျက် ပန်းပျက် ကလေးငယ်ကို မွေးဖွားမှုသည် မိခင် အနေဖြင့် ကိုယ်ဝန်ဆောင် ကာလတွင် ဆေးဝါးများ မှားယွင်း သုံးစွဲမှု သို့မဟုတ် ရေဒီယို သတ္တိကြွမှု နှင့် ထိတွေ့ ခြင်းကြောင့် ဖြစ်နိုင်ဖွယ် ရှိကြောင်း ဆော်ဒီအာရေဗျ သတင်းဌာန တစ်ခုက ဖော်ပြ ထားသည်။

ထိုကဲ့သို့ ပုံပျက်ပန်းပျက် မွေးဖွားမှုသည် လူ ၁၀၀၀ လျှင် လေးဦး ဖြစ်နိုင်သော်လည်း အလွန် ရှားပါးလှကြောင်း နှင့် ကိုယ်ဝန်ဆောင်သည့် ကာလမှာလည်း တိုတောင်းကြောင်း ၊ အဆိုပါ ကလေးငယ်ကို မွေးဖွားပေးသည့် ဒေါက်တာ အာမက်ဒ်ဘတ်ရုဒ်ဒင် က ပြောကြား ထားကြောင်း သိရသည်။

Original link - http://www.pyichitthar.com/2015/10/blog-post_51.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...