အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 21, 2015

လူအစစ်မဟုတ်တဲ့ ကွန်ပြူတာဖြင့် ဖန်တီးထားသော ဂျပန် မင်းသမီး Saya




Saya လို့ အမည်ရတဲ့ ဂျပန် မင်းသမီးလေး Saya ဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးခဲ့ ပါတယ်။ အကြောင်း ကတော့ သူမကို အချို့က ကွန်ပြူတာဖြင့် ဖန်တီး တယ်လို့ ယုံပေမယ့် အချို့က မယုံလို့ ဖြစ်ပါတယ်။ တကယ်လည်း ယုံနိုင်စရာ နည်းလှအောင် ဖန်တီးသူ များဟာ အင်မတန် တော်လှပါတယ်။



တိုကျိုမြိုကမှာ နေထိုင်တဲ့ Freelance ဒီဇိုင်နာ လင်မယား နှစ်ဦးက ၎င်းတို့ရဲ့ အားလပ် ချိန်မှာ ဖန်တီးထားတာ ဖြစ်ပါတယ်။ 3D Design tool ဖြစ်တဲ့ Matya ကို အသုံးပြုပြီး အခြားသော tool များကိုလည်း သုံးပါတယ်။

Matya ဟာ ဟောလိဝုဒ်နဲ့ နိုင်ငံတကာ ရုပ်ရှင်တွေမှာ ကွန်ပြူတာ effect ထည့်ဖို့ အတွက် ဒီဇိုင်းမှာ ထည့်သွင်း ရေးဆွဲရာမှာ အသုံးများတဲ့ Software ဖြစ်ပါတယ်။

Software ဘယ်လောက် ကောင်းကောင်း ရေးသားသူရဲ့ အရည်အချင်း ပေါ်မှာလည်း မူတည် ပါတယ်။ ဒီဇိုင်နာ လင်မယား အနေနဲ့ ၎င်းတို့ ရေးဆွဲ ခဲ့တဲ့ Saya ကို မူပိုင်ခွင့် ယူထားပြီး ကိုယ်ပိုင် ကိုယ်တိုင် ဖန်တီး ရုပ်ရှင် ရိုက်ကူးမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ သူမဟာ စက်ရုပ် တန်ဆာ ကို ဝတ်ဆင်မှာ ဖြစ်တာကြောင့် စက်ရုံတန်ဆာ ကိုပါ ရေးဆွဲ ထားပါတယ်။



၎င်းတို့အနေနဲ့ Saya ကို အခြေခံ ပြီးတော့ Sci-Fi ရုပ်ရှင် ဖန်တီးမှာ ဖြစ်ပါတယ်။ တကယ့် လူပုံနဲ့ အင်မတန် တူလှတဲ့ ကျောင်းသူ အရွယ် Saya ဂျပန်မလေးကို ဓာတ်ပုံမှာ ကြည့်ရှု နိုင်ပါတယ်။

Ref: dailymail
အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/18/saya/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...