အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 21, 2015

မော်တော်ယာဉ်များတွင် အလူမီနီယံ တပ်ဆင်အသုံးပြု ထုတ်လုပ်ခြင်းဖြင့် လေထု ညစ်ညမ်းမှုကို လျော့ကျနိုင်




ဘူဘာနက်ဆွာ ၊ ၂၁-၁၀-၂၀၁၅

မော်တော်ယာဉ် စက်ရုံများ အနေဖြင့် အလူမီနီယံများ တပ်ဆင် အသုံးပြု၍ မော်တော်ယာဉ် များအား ထုတ်လုပ်ခြင်းသည် လောင်စာ သုံးစွဲမှု ထိရောက်ခြင်းကို မြှင့်တင်နိုင်ရုံ သာမက ယာဉ်ကြောင့် ဖြစ်ပေါ် လာသော လေထု ညစ်ညမ်းမှု ကိုလည်း လျော့ကျ စေနိုင်ကြောင်း Nalco CMD အလူမီနီယံ ကုမ္ပဏီ ဥက္ကဋ္ဌ တီကေချန်း က ပြောကြားသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများ အနေဖြင့် မော်တော်ယာဉ် တစ်စီးလျှင် ပျမ်းမျှ အလူမီနီယံ ၁၄ဝ ကီလိုဂရမ် တပ်ဆင် အသုံးပြုလျက် ရှိပြီး အိန္ဒိယ၌မူ ၄ဝ ကီလိုဂရမ် သာ အသုံးပြုကြောင်း၊ သို့သော် ၂ဝ၁၆ ခုနှစ်တွင် ယင်းနိုင်ငံရှိ မော်တော်ယာဉ် စက်ရုံများ၌ အလူမီနီယံ သတ္တု တပ်ဆင် အသုံးပြုမှုမှာ အနည်းဆုံး သုံးဆမြင့်တက် လာမည်ဟု မျှော်မှန်း ထားကြောင်း တီကေချန်း က ပြောကြားသည်။

မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် မူလ အသုံးပြုလျက် ရှိသည့် သတ္တုအမျိုးအစား တစ်ကီလိုဂရမ် အစား အလူမီနီယံ အစားထိုး အသုံးပြုပါက အဆိုပါယာဉ်၏ သက်တမ်း ကာလအတွင်း ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၂၂ ကီလိုဂရမ် အထိ လျှော့ချပေး နိုင်ကြောင်း၊ ထို့အပြင် ယာဉ်၏ သက်တမ်း အဆုံးတွင် အလူမီနီယံ ၉ဝ ရာခိုင်နှုန်းခန့်ကို ပြန်လည် အသုံးပြု နိုင်ကြောင်း ၄င်းက ပြောကြားသည်။

နည်းပညာများ ပေါင်းစည်း ဆန်းသစ်ခြင်း သည် ကောင်းမွန်သော ရလဒ်ကောင်း များကို လမ်းဖွင့်ပေးခြင်း ပင်ဖြစ်ကြောင်း ၄င်းကဆိုသည်။ ကနဦးတွင် အလူမီနီယံကို ကားဘီးများနှင့် ဂီယာအုံများ အတွင်း၌သာ အသုံးပြု ကြသော်လည်း ယခုအခါ စက်ခေါင်းအဖုံး၊ ယာဉ်ကိရိယာ အခန်းများ၊ တံခါးများ၊ ကားဘန်ပါ များနှင့် အခြား အစိတ်အပိုင်း အများအပြား၌ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင် အသုံးပြု လာလျက် ရှိသည်။

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/10/blog-post_20.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...