အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 11, 2015

နှစ်၂၀ ကြာပျောက်ဆုံးနေတဲ့ အမျိုးသားကို အီတလီနိုင်ငံ က တော ထဲမှာ ပြန်တွေ့




စပိန် နိုင်ငံသား ဆရာဝန် တစ်ယောက်ဟာ နှစ် ၂၀ ခန့် ပျောက်ဆုံးနေခဲ့ အပြီးမှာ အီတလီ နိုင်ငံက တော တစ်ခု အတွင်းမှာ နေထိုင်နေ တာကို ပြန်လည် ရှာဖွေတွေ့ရှိ လိုက်ရပါတယ်။

အသက် ၄၇ နှစ် အရွယ် Carlos Sanchez Ortiz de Salazar ဟာ ၁၉၉၆ ခုနှစ်ကတည်း စိတ်ဖိစီး မှုတွေကို ခံစားခဲ့ရတဲ့ အတွက် သူနေထိုင်ရာ Seville မြို့  မှာရှိတဲ့ နေအိမ်ကနေ ပျောက်ဆုံး သွားခဲ့ ရာကနေ ၂၀၁၀ ခုနှစ်မှာတော့ သေဆုံး သွားပြီဖြစ်ကြောင်း ကြေညာခဲ့ ရပါတယ်။

သူဟာ စပိန်နိုင်ငံ ၊ ဘီဘာအို မြို့ မှာ မွေးဖွားခဲ့ပြီး သူ ပျောက်ဆုံးသွားတဲ့ အချိန် မတိုင်မီက ဆေးပညာ နဲ့ ဘွဲ့ရခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းကမှ မှိုပွင့်ခူးဖို့ အတွက် Tuscany မြို့  နားက တောအုပ်ထဲ ၀င်ရောက်သွားတဲ့ လူငယ် ၂ ဦးက ညစ်ပတ်နေတဲ့ မျက်နှာရှိပြီး ကြီးမားတဲ့ မုတ်ဆိတ်မွေးတွေနဲ့ လူတစ်ယောက်ကို တွေ့ ခဲ့ရတဲ့ အတွက် စုံစမ်း စစ်ဆေးကြည့်ခဲ့ ရာမှာ Sanchez ဖြစ်နေတာကို အခိုင်အမာ ဆိုနိုင် ခဲ့ပါတယ်။

Sanchez ကလည်း မှိုပွင့်ကောက်တဲ့သူတွေကို သူ့ရဲ့  ပတ်စပို့ အပါအ၀င် စာရွက်စာတမ်း တွေကို ဓါတ်ပုံရိုက်ဖို့ ခွင့်ပြုခဲ့တဲ့အတွက် မှိုပွင့်ကောက်တဲ့သူ ၂ ယောက်ကလည်း ထိုအချက်အလက်တွေကို စပိန်နိုင်ငံ နဲ့ အီတလီနိုင်ငံမှာ ရှိတဲ့ လူပျောက်ရှာဖွေရေး ဌာနတွေကို ပေးပို့ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အီတလီနိုင်ငံ Penelope Association အဖွဲ့  က ဒါရိုက်တာ Antonio La Scala က Sanchez ရဲ့ မိဘတွေကို ဆက်သွယ်ပြီး အီတလီနိုင်ငံကို လေယာဉ်စီစဉ်ပေးကာ ပျောက်ဆုံးနေတဲ့ သားနဲ့ ပြန်လည် ဆုံဆည်းစေခဲ့တယ်လို့ El Mundo သတင်းဌာနက ဖော်ပြထားပါတယ်။

Sanchez တစ်ယောက် တောထဲမှာ နှစ် ၂၀ ကြာ အစားအသောက် ဘယ်လိုရှာဖွေခဲ့တယ်ဆိုတာ မသိရသေးပေမယ့် အနီးအနားမှာ ရှိတဲ့ ရွာတွေရဲ့  ပြောကြားချက်အရတော့ သူဟာ တစ်ရွာဝင်တစ်ရွာထွက် အစားအသောက်လိုက်ရှာတာတွေ့  ဖူးတယ်လို့ ဆိုကြပါတယ်။

Ref : UPI

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_10.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...