အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 6, 2015

စေ့စပ်လက်စွပ်ကို အံသွားနဲ့လုပ်ခဲ့တဲ့ စုံတွဲ




အမျိုးသမီး တစ်ဦးက သတို့သား လောင်းဖြစ်သူရဲ့ အံသွားနဲ့ ပြုလုပ်ထားတဲ့ စေ့စပ် လက်စွပ်ပုံကို တင်ပြီး “ စိန်တွေက ပြောသလောက်လည်း မဟုတ်ပါဘူး” လို့ရေးသား ထားခဲ့ပါတယ်။

အောရင့်ခ်ျ စီရင်စုမှ သတို့ သမီးဖြစ်သူ Carlee Leifkes က သတို့သားလောင်းဖြစ်သူ ကနေဒါနိုင်ငံသား Lucas Unger ကို ဂီတဖျော်ဖြေပွဲတစ်ခုမှာ စတွေ့ ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်းဖြစ်ပြီး ကျွန်မအတွက် သူရဲ့ အံသွားက စိန်တစ်ပွင့်ပိုပြီး အဓိပ္ပါယ်ရှိတယ် ဆိုတာကို သိတဲ့ ဒီလို လူမျိုးကို လက်ထပ်ရမယ် ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားနေ မိပါတယ်” လို့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

“ ကျွန်မတို့နှစ်ယောက်က ဘယ်တုန်းကမှ သမရိုးကျစုံတွဲတွေမဖြစ်ခဲ့ပါဘူး” လို့လည်း Leifkes က ရေးထားခဲ့ပါသေးတယ်။

Unger အသက် ၁၇နှစ်သားကတည်းက နှုတ်ခဲ့တဲ့ အံဆုံးဟာ သူ့အတွက်တော့ စိန်တစ်ပွင့်ထက် တန်ဖိုးရှိကြောင်း Leifkes က Buzzfeed ကို လက်စွပ်အကြောင်းပြောပြခဲ့ပါတယ်။

ဒီလို Facebook ပေါ်မှာ ပုံတင်ခဲ့တဲ့အတွက် ကောင်းမွန်တဲ့ ထင်မြင်ချက်တွေသာမက အဆိုးဘက်က ထင်မြင်ချက်တွေလည်း ရရှိခဲ့ပါသတဲ့။

“ ကျွန်မတို့ကို ကူညီကြတဲ့ ချစ်ခင်ပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ မင်္ဂလာဓါတ်ပုံတွေကို ဝေမျှဖို့လည်း မစောင့်နိုင်တော့ပါဘူး။ သမရိုးကျ စိန်လက်စွပ်တွေကို သဘောမကျတဲ့ တခြားစုံတွဲတွေကိုလည်း ပြောပြချင်ပါတယ် : စိန်ပွင့်တွေဟာ မိန်းကလေးတွေအတွက် အမြဲတမ်း အကောင်းဆုံးသူငယ်ချင်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်အတွက် သီးသန့်ဖြစ်ပြီး ထူးခြားတဲ့အရာတွေ ရှိလာနိုင်ပါသေးတယ် “ လို့လည်း ရေးသားထားခဲ့ပါတယ်။

Ref: Upi

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_53.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...