အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 6, 2015

လေယာဉ်ပေါ်မှာ ဘီယာမပေးလို့ သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား




လေယာဉ် ပျံသန်းနေ တုန်းမှာ ဘီယာ မပေးဘူးလို့ အငြင်းခံ ခဲ့ရတဲ့ အမျိုးသားဟာ တခြားသူတွေကို သတ်မယ် ဖြတ်မယ် ခြိမ်းခြောက်ခဲ့ တာကြောင့် ထိတ်လန့်ဖြစ် အဖြစ် အပျက်ဖြစ်ခဲ့ပြီး လေယာဉ်ကို အရေးပေါ် ဆင်းသက် ခဲ့ရတယ်လို့ သတင်းရ ရှိပါတယ်။

Jason Baroletti လို့ သိရတဲ့ သံသယရှိခံရသူကို အမေရိကန် လေကြောင်းလိုင်း ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပါတယ်။ Phoenix ကနေ New York ကိုသွားမယ့် လေယာဉ်ဟာ Wichita, Kansas မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။

ခရီးသည် ၁၂၆၇ယောက်နဲ့ လေယာဉ်အဖွဲ့သား ၆ဦးပါရှိတဲ့ Flight 622ဟာ အင်္ဂါနေ့ညနေ ၄နာရီခွဲခန့်မှာ Phoenix ကနေ New York ကိုထွက်ခွာလာခဲ့ပါတယ်။ လေယာဉ်စတင်ထွက်ခွာပြီး ၁၀မိနစ်ခန့်အကြာမှာ၊ Baroletti ဟာ e-cigaratte ကို မနားတမ်းဖွာပါတော့တယ်။ လေယာဉ်မယ်က သူ့ကိုလာတားမှပဲ ရပ်ခဲ့ပါတယ်။

ဒီ့နောက် သူဟာ ဘီယာတစ်ခွက်တောင်းခဲ့ပါတယ်။ သူ့မှာ ဆေးပါမလာတဲ့အတွက် ဘီယာက သူ့ရဲ့ စိုးရိမ်ကြောင့်ကြမှုကို သက်သာစေလိမ့်မယ်ဆိုပြီး တောင်းတာပါ။

ဒါပေမဲ့ လေယာဉ်မယ်က ဘီယာပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် သူဟာ ဒေါသထွက်လာပြီး လေယာဉ်ကို ခုချက်ခြင်း ဆင်းသက်ဖို့ တောင်းဆိုခဲ့ပါတော့တယ်။ ဘေးနားကလူတွေက သူ့ကိုဝိုင်းဝန်းဖျောင်းဖြဖို့ ကြိုးစားခဲ့ကြတဲ့အခါ သူက သတ်မယ်၊ ဖြတ်မယ် ဆိုပြီး ဝုန်းဒိုင်းကြဲခဲ့တဲ့အတွက် လေယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

FBI က ဒီအမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_85.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...