အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 20, 2015

ကိုယ်ဝန်သည် တစ်ယောက် ဘတ်စ်ကား မှတ်တိုင်မှာ အောင်မြင်စွာ ကလေးမွေး




ဝါရှင်တန် မြို့  ဘတ်စ်ကား မှတ်တိုင် တစ်ခုမှာ တပ်ဆင် ထားတဲ့ လုံခြုံရေး ကင်မရာဟာ အမျိုးသမီး တစ်ယောက် ကားမှတ်တိုင်မှာ ကလေးမွေးနေ တာကို မှတ်တမ်း ရိုက်ကူး ထားနိုင် ခဲ့ပါတယ်။

ထို ကလေးမွေး ခဲ့သူ အမျိုးသမီး Mary Jones က ပြောကြား ခဲ့တာကတော့ သူမဟာ Spokane Transit Authority Plaza မှာ ရောက်ရှိနေစဉ် သူမဟာ ရေမြွှာ ပေါက်တော့မယ် လို့ ခံစား လာရပါတယ်တဲ့။

"ကျွန်မ အဆင်သင့်ဖြစ်နေပြီဆိုတာ ကျွန်မသိတယ် ၊ ကျွန်မ လုံခြုံရေး တစ်ယောက်ယောက်ကို အော်ဟစ် အကူအညီ တောင်းခဲ့ ပါတယ်။" လို့ Jones က KHQ-TV က ဆိုပါတယ်။

Spokane မီးသတ် ဌာန မှာရှိတဲ့ မီးသတ် သမားတွေနဲ့ ရှေးဦးသူနာပြု အဖွဲ့တွေလည်း မကြာခင်မှာ ပဲ ရောက်ရှိ လာခဲ့ပြီး Jones ဟာလည်း မိနစ် ၃၀ ခန့်ကြိုးစား ပြီးတဲ့နောက်မှာ သမီးလေး တစ်ယောက်ကို မွေးဖွားနိုင် ခဲ့တယ်လို့ သိရပါတယ်။

"ကျွန်မ တစ်ကယ်ကို ပလာဇာမှာ ကလေးမွေး ခဲ့ရတာပါ။ သူတို့တွေဟာ ကျွန်မ ကလေးကို လည်း aစာင့်ရှောက်ပေး ကြပါတယ်။ ကျွန်မကိုလည်း စောင့်ရှောက် ကြပါတယ်။" လို့ Jones က ဆိုပါတယ်။

Jones ပြောပြ ခဲ့တာကတော့ သူမရဲ့ ကလေးဟာ သတ်မှတ် ရက်ထက် ၁ လ ခန့် စောပြီး မွေးခဲ့တာ ဖြစ်ပါတယ်တဲ့။

Spokane မီးသတ် ဌာန က တာဝန်ရှိ သူတွေကတော့ သူတို့ အနေနဲ့ အခုလို သမရိုးကျ မဟုတ်တဲ့ အရေးပေါ် အခြေအနေ တစ်ခုကို ကူညီရတာ ၀မ်းသာ တယ်လို့ ပြောပြ ခဲ့ပါတယ်။


Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_20.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...