အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 24, 2016

အလှပဆုံး စာအုပ်စတိုးဆိုင် တရုတ်တွင် စမ်းသပ် ဖွင့်လှစ်




အတွင်းပိုင်းမှာ လှပတဲ့ ဒီဇိုင်း အပြင် အဆင်တွေကြောင့် အလှပဆုံး စာအုပ်စတိုး ဆိုင် အဖြစ် ရေပန်းစားနေတဲ့ ဇောင်းရှု အမည်ရတဲ့ စာအုပ်ဆိုင်ကို ကမ္ဘာ့ စာအုပ်များနေ့ ဖြစ်တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ စတင် ဖွင့်လှစ် လိုက်ပါတယ်။



တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဟန်ကျိုးမြို့မှာ စတင်ဖွင့်လှစ် ခဲ့တာဖြစ်ပြီး နောက်ထပ် ဆိုင်ခွဲ ၂ ခုကိုတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေး အချက်အချာမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့မှာ ဖွင့်လှစ် ခဲ့တာလို့ ဆင်ဟွာ သတင်းမှာ ဖော်ပြ ပါတယ်။



ဒါပေမယ့် လက်ရှိအချိန်မှာတော့ လူတိုင်းဟာ မိုဘိုင်းဆက်သွယ်ရေးကိရိယာ တွေကတဆင့် ဖတ်ရှုလာကြတာတွေ ပိုများလာတာမို့ ခုလိုဖွင့်လှစ်လိုက်တဲ့ စာအုပ်ဆိုင်တွေဟာ စီးပွားရေးအရ အကျိုးအမြတ် ရှိနိုင်မလားဆိုတာကတော့ သဲသဲကွဲကွဲမသိနိုင် သေးဘူးလို့ ဆိုပါတယ်။



တရုတ်နိုင်ငံ စာနယ်ဇင်းနဲ့ စာအုပ်ထုတ်ဝေရေးအကယ်ဒမီက မကြာသေးမီက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့နှစ်က ပျမ်းမျှ တဦးချင်း စာအုပ်ဖတ်တဲ့နှုန်းဟာ ၄ ဒဿမ ၅၈ ရှိတာမို့ ဒါဟာ မိုဘိုင်းမှတဆင့်ဖတ်ရှုခြင်းထက် ပိုတိုးတက်လာတယ် လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တဦးချင်းစာဖတ်နှုန်းမှာ ပြင်သစ်က ၁၂၊ တောင်ကိုရီးယားက ၁၁၊ ဂျပန်က ၉နဲ့ အမေရိကန်က ၇ အသီးသီးရှိ နေတာမို့ တရုတ်နိုင်ငံအနေနဲ့ စာဖတ်နှုန်းနိမ့်ကျနေသေးတယ်လို့ ဆိုရမှာပါ။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/146600

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...