
အမေရိကန် အမျိုးသား အာကာသ သိပ္ပံ နာဆာရဲ့ ကပ်ပလာ အာကာသ အဝေးကြည့် မှန်ပြောင်းက စုဆောင်း ရရှိတဲ့ သတင်း အချက် အလက် တွေကို သိပ္ပံ ပညာရှင် တွေက စစ်ဆေး အပြီးမှာ နေအဖွဲ့ အစည်းရဲ့ အပြင်ဘက်မှာ ဒါဇင်နဲ့ ချီတဲ့ ဂြိုဟ်စနစ်တွေ အပါ အဝင် ဂြိုဟ်ပေါင်း ၁၂၈၄ ခုကို တွေ့ခဲ့ တယ်လို့ ပြောပါတယ်။
သူတို့ထဲက ဂြိုဟ် ၉ ခုက ဂြိုဟ် မျက်နှာပြင်မှာ ရေရှိဖို့ သင့်တော်တဲ့ ပတ်လမ်းတွေ ရှိနေ တယ်လို့ ဆိုပါတယ်။
အခု ကြေညာ ချက်ကြောင့် နေအဖွဲ့ အစည်းရဲ့ ပြင်ပမှာ တွေ့ထားတဲ့ အတည်ပြု ပြီးသား ဂြိုဟ်စုစုပေါင်း ၃၂၆၄ ခု ရှိသွားပါပြီ။
ကမ္ဘာမြေနဲ့ ဆင်တူပြီး လူတွေနေလို့ ရတဲ့ ဂြိုဟ်တွေကို ဒီစီမံကိန်းက ရှာဖွေ နေတာပါ။
ဂြိုဟ်အသစ်တွေ ထဲမှာ အခု ၅၅၀ နီးပါးက ကမ္ဘာမြေနဲ့ တူတဲ့ ကျောက်တောင်တွေ ရှိနေနိုင် တယ်လို့ နာဆာက ပြောပါတယ်။
ဂြိုဟ် ၉ ခုကတော့ ရေတွေ သိုလှောင် ထားနိုင်လောက်တဲ့ အပူချိန်ကို ဖြစ်စေနိုင် လောက်အောင် ကြယ်တခု ကနေ သင့်တော်တဲ့ အကွာ အဝေးမှာ ရှိနေတာပါ။
ရှာဖွေတွေ့ရှိမှု အရ သက်ရှိတွေ နေနိုင်တဲ့ ခုလို အခြေ အနေမျိုး ရှိနေတဲ့ ဂြိုဟ် စုစုပေါင်း ၂၁ ခု ရှိသွားပြီ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/149379

No comments: