ပြည်သူတွေ ပြန်အုပ်ချုပ်တယ် လို့ အဓိပ္ပာယ် ရတဲ့ ကမ္ကာ့ ပထမဆုံး ဒီမိုကရေစီ စနစ်ကို အေသင် မြို့က ဂရိ လူမျိုးတွေက စတင် ခဲ့ကြတာ ဖြစ်ပါတယ်။ ၄၃၀ ဘီစီ ခန့်မှာ မြို့တော် တွေ ၊ ပြည်နယ်တွေရဲ့ တိုင်းသူ ပြည်သား အချင်းချင်း ပြန်အုပ်ချုပ်ဖို့ အတွက် ဒီမိုကရေစီ စနစ်ကို စတင် ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ သမိုင်းတွေ အရတော့ ကမ္ဘာ့ အစောဆုံး အချိန်တွေကတည်းက အိန္ဒိယ နိုင်ငံရှိ နေရာဒေသ အချို့မှာ ဒီမိုကရေစီ စနစ် ဆန်တဲ့ နည်းလမ်း တွေကို အသုံးပြု ခဲ့ကြ ဖူးတယ်လို့ သိရ ပါတယ်။
ဒါပေမယ့်လည်း ဒီမိုကရေစီ ဆိုတဲ့ နာမည်ကိုတော့ ဂရိတွေသာ ပေးခဲ့ ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် ၉ ရာစု နဲ့ ၁၀ ရာစု ၀န်းကျင်တွေအရောက်မှာတော့ Iceland ၊ ဖာရိုး ကျွန်းစွယ်များ နဲ့ Isle of Man နိုင်ငံတို့မှာ ပါလီမန်တွေ စတင် ဖွဲ့စည်းပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံး ခဲ့ကြပါတယ်။
Iceland ကတော့ အေဒီ ၉၃၀ မှာ စတင်ပြီး ပါလီမန်ကို ဖွဲ့ခဲ့ပေမယ့် နော်ဝေးတွေ လက်အောက်မှာ ရာစုနှစ်တစ်ခုနီးပါး ကျရောက်ခဲ့တဲ့အတွက် ဒီမိုကရေစီ စနစ်နောက်ကျ ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု ကတော့ အစောဆုံး ဒီမိုကရေစီ နိုင်ငံတွေထဲမှာ ပါဝင် ပါတယ်။ ဒါပေမယ့်လည်း ၆ နိုင်ငံ ပေါင်းပြီး အုပ်ချုပ်မှု စတင် ခဲ့တဲ့ မူလ အမေရိကန် တွေ ဟာ အများ ဆန္ဒနဲ့ ဖွဲ့စည်းတဲ့ အစိုးရ စနစ်နဲ့ ၈ ရာစု ခန့်မှာ စတင် အုပ်ချုပ် ခဲ့တာဖြစ်ပြီး ဖင်လန်နိုင်ငံမှာ လူမျိုးနဲ့ ယောကျာင်္း မိန်းမ တန်းတူ ညီမျှရေး အတွက် မဲပေးပြီး အစိုးရ အတွင်း ပါဝင်ခွင့် ပြုတဲ့ စနစ်ကို စတင် ကျင့်သုံးတဲ့ ၁၉၀၆ ခုနှစ်မှာမှ အမျိုးသား ဒီမိုကရေစီ စနစ်ကို ရောက်ရှိ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Ref : History
Originally published at - http://knowledge.thithtoolwin.com/2016/07/blog-post_18.html

No comments: