
အာဖဂန် နစ္စတန် နိုင်ငံသူ ရိုဘာဘာ မိုဟာ မဒီဟာ မွေးကတည်းက လက်ချောင်းတွေ ခြေချောင်းတွေ မသန်စွမ်းတဲ့ အခြေအနေ တခုနဲ့ မွေးဖွား လာခဲ့ သူပါ။
ခုချိန် မှာတော့ သူမဟာ အသက် ၁၆ နှစ် အရွယ် ရှိနေပြီ ဖြစ်ကာ သူ့ရဲ့ ပထမဆုံး ပန်းချီပြပွဲကို ကျင်းပနိုင် ခဲ့ပါပြီ။

သူဟာ ငယ်စဉ် ကတည်းက ဘဝကို အရှုံး မပေးဘဲ ပါးစပ်နဲ့ ပန်းချီတွေ ရေးခဲ့ရာ ကနေ ခုချိန် မှာတော့ အောင်အောင် မြင်မြင်နဲ့ ရပ်တည်နိုင် ခဲ့တာပါ။
ရိုဘာဘာကို ဂါဇ်နီခရိုင် ထဲမှာ ဆင်းရဲတဲ့ မိသားစု တခုကနေ မွေးဖွား လာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ခြေချောင်း တချို့ လှုပ်ရှားနိုင်တာ ကလွဲရင် လက်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိ ခဲ့ပါဘူး။
လက်ရှိမှာတော့ သူဟာ ဒီပန်းချီပြပွဲကနေ ရရှိလာမယ့် ဝင်ငွေတွေ ကိုတော့ တခြားသော သူ့လိုပဲ နေထိုင် ကြရတဲ့ မသန်စွမ်းတွေ အတွက် လှူဒါန်းဖို့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။
ပထမ ဆုံးသော သူ့ရဲ့ပန်းချီပြပွဲကို အာဖဂန် နစ္စတန် နိုင်ငံမြို့တော်၊ ကဘူးလ်မှာ စေတနာ့ ဝန်ထမ်းတွေရဲ့ အကူ အညီနဲ့ ကျင်းပ ခဲ့တာ ဖြစ်တယ်လို့ စီစီ တီဗွီ သတင်းမှာ ဖော်ပြ ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/177881

No comments: