အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, March 24, 2017

အိုမင်းမှုကို ပြောင်းပြန်လှန်မယ့် ဖော်မြူလာ တွေ့ပြီ




လူသား တွေရဲ့အိုမင်းမှု ဖြစ်စဉ် ဖြစ်တဲ့ ဇရာကို ပြောင်းပြန် လှန်မယ့် ထူးထူး ခြားခြား ဆေး ဖော်မြူလာကို ဖြစ်စေနိုင်တဲ့ တွေ့ရှိမှု တစ်ခုကို သိပ္ပံပညာရှင် တွေက တွေ့ရှိ ခဲ့ကြ ပါတယ်။

အဆိုပါ ဆေးဝါးက ဒီအန်အေကို အံ့သြစရာ ကောင်း လောက်အောင် ပြန်ပြုပြင် ပေးနိုင်ပြီး မားစ် ဂြိုလ်ပေါ်က နာဆာ အာကာသ ယာဉ်မှူးတွေ ကိုတောင် ဆိုရာ ရောင်ခြည် ဖြာထွက်မှု ကနေ ကာကွယ် ပေးနိုင်ဖွယ် ရှိနေကြောင်း သိရှိရ ပါတယ်။

ဆဲလ် အိုမင်းမှု ဖြစ်စဉ်နဲ့ ဒီအန်အေ ပြန်ပြုပြင်မှု ဖြစ်စဉ်တွေရဲ့ အဓိက အချက်ပြ ဖြစ်စဉ် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး နောက်မှာ သုတေ သီတစ်စုဟာ အဆိုပါ ဆေးဝါးကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာတော့ အဆိုပါဆေးက အသက်ကြီးရင့်မှု ဒါမှမဟုတ် ဓာတ်ရောင်ခြည် ဖြာထွက်မှုထိတွေ့မှုတွေကြောင့် ဒီအန်အေပျက်စီးမှုကို တိုက်ရိုက် ပြုပြင်နိုင်ကြောင်း တွေ့ရှိခဲ့ ရပါတယ်။

“ ရက်သတ္တပတ် တပတ် အကြာ ဒီဆေးနဲ့ ကုသပေး ပြီးနောက်မှာ အိုမင်းနေတဲ့ ကြွက်နဲ့ ငယ်ရွယ်တဲ့ ကြွက်က ရတဲ့ ဆဲလ်တွေကို ခွဲခြား လို့ မရနိုင် တော့ပါဘူး” လို့ အဆိုပါ သုတေသနကို ဦးဆောင်နေတဲ့ ပါမောက္ခ ဒေးဗစ်ဆင်း ကရဲယာ က ပြောဆို ခဲ့ပါတယ်။

အဆိုပါဆေးဝါးကို လာမယ့်ခြောက်လ အတွင်းမှာ လူသားတွေနဲ့စမ်းသပ်မှု စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

တကယ်လို့ စမ်းသပ်မှု အောင်မြင် ခဲ့မယ် ဆိုရင်တော့ လူသားတွေ အသုံးပြုဖို့ ထိရောက်ပြီး ဘေးအန္တရာယ် ကင်းတာ သေချာအောင် သုံးနှစ် ကနေ ငါးနှစ် အထိ ထပ်ပြီး လေ့လာ စမ်းသပ် ကြရဦးမှာ ဖြစ်ပါတယ်လို့ ပါမောက္ခ ဒေးဗစ်ဆင် ကရဲယာက ဆက်လက် ပြောဆို ခဲ့ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...