
ဘဟားမတ် ကျွန်းပေါ်မှာ အားလပ်ရပ် အနားယူဖို့ ရောက်ရှိ နေတဲ့ အကသမား ထရေဇာစီရဲ့ ဖုန်း ပင်လယ်ထဲကို ကျသွား ပါတယ်။
စက်တင်ဘာ ၁၈ ရက်က အတ္တလန္တိတ် သမုဒ္ဒရာ ထဲမှာ ရိုက်ကူးရေး လုပ်ဆောင် နေစဉ် ဖုန်းကို ကိုင်ထား ပေးဖို့ တစုံ တဦးကို လှမ်းပေး လိုက်ရာမှာ မတော်တဆ ကျသွားတာ ဖြစ်ပြီး သူအနေနဲ့ ဖုန်းကို ဘယ်တော့မှ ပြန်မရ တော့ဘူးလို့ မျှော်လင့် ထားကြောင်း ထရေဇာစီက ပြောပါတယ်။
ဒါပေမယ့် လင်းပိုင်က ရေမျက်နှာပြင် ပေါ်ကို ပေါ်လာပြီး ထရေဇာရဲ့ ဖုန်းကို ဆယ်ပေး လိုက်ပါတယ်။
ဒီဖြစ်ရပ်ကို ရိုက်ယူ ထားတဲ့ ရုပ်သံဖိုင်ကို ထရေဇာက သူရဲ့ လူမှုရေး ကွန်ရက်မှာ တင်ခဲ့ပြီး အွန်လိုင်းမှာ ပျံ့နှံ့သွား ပါတယ်။
ဖုန်းက ဆားငန်ရေကြောင့် ပျက်စီး သွားပေမယ့် ဘဟားမတ် ကျွန်းပေါ်မှာ ရှိနေစဉ် လင်းပိုင်တွေနဲ့ ရေကူးဖို့ အတွက် အခွင့်အရေး ရရှိခဲ့ တယ်လို့ သူက ရေးပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/114639







No comments: