အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 10, 2015

အိန္ဒိယလေတပ်က တိုက်လေယာဉ်များ မောင်းနှင်ရန် အမျိုးသမီးများအား တာဝန်ပေးအပ်




နယူးဒေလီ ၊ ၁ဝ-၁ဝ-၂ဝ၁၅

အိန္ဒိယလေတပ် သည် တိုက်လေယာဉ် များအား မောင်းနှင်ရန် အတွက် အမျိုးသမီး များကို တာဝန် ပေးအပ်ရန် ဆုံးဖြတ် ခဲ့ကြောင်း နှင့် အိန္ဒိယ တပ်မတော် အနေဖြင့် တိုက်ခိုက်ရေး အခန်း ကဏ္ဍ များ၌ အမျိုးသမီး များအား ယင်းကဲ့သို့ ရာထူး ခန့်အပ်ရန် စီမံဆောင်ရွက် ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း Newsnow သတင်းဌာနက အောက်တိုဘာ ၈ ရက်တွင် ဖော်ပြ ထားသည်။



လေတပ်တွင် သယ်ယူ ပို့ဆောင်ရေး လေယာဉ်များနှင့် ရဟတ်ယာဉ်များ မောင်းနှင်သည့် အမျိုးသမီး လေသူရဲများ ရှိပြီး နိုင်ငံအတွင်းရှိ ငယ်ရွယ်သော အမျိုးသမီးများ၏ ပြင်းပြသော ရည်မှန်းချက်များ အကောင် အထည်ဖော် နိုင်စေရန်အတွက် ၄င်းတို့အား တိုက်ခိုက်ရေး လေယာဉ်အုပ် များ၌ ရာထူးခန့်အပ် သွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း အိန္ဒိယလေတပ် ဦးစီးချုပ် လေတပ် ဗိုလ်ချုပ်ကြီး အာရပ်ရာဟာ က ပြောကြားသည်။



အဆိုပါ ကိစ္စရပ်သည် အိန္ဒိယလေတပ်၏ တိုက်ခိုက်ရေး လေသူရဲများ လျော့နည်းနေမှု အပေါ် အထောက်အကူပြု သွားမည်ဖြစ် ကြောင်းနှင့် လေတပ်က အမျိုးသမီး ၁၃ဝဝ ကျော်အား ရာထူးခန့်အပ် ထားပြီး ၄င်းတို့အနက် လေသူရဲ ၉၄ ဦးနှင့် လေကြောင်းလမ်းပြ ၁၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/10/blog-post_24.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...