အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 1, 2015

အလွန်ရှားပါးတဲ့ မျိုးရိုး ဗီဇ ရောဂါကြောင့် နှာခေါင်းနှစ်ခုနဲ့ မွေးဖွားလာတဲ့ ကလေးငယ်



အလွန့် အလွန်ရှားပါး လှတဲ့ မျိုးရိုး ဗီဇ ရောဂါ တစ်ခုကြောင့် ပီရူးနိုင်ငံက ကလေးငယ် တစ်ယောက်ဟာ နှာခေါင်း နှစ်ခုနဲ့ မွေးဖွား လာခဲ့ပါတယ်။

Baby Angelito ( နတ်သားလေး) လို့ မိဘတွေက နာမည်ပေး ထားတဲ့ အဆိုပါ ကလေးငယ်ကို Peru နိုင်ငံ၊ Chimbote မြို့ မှာ မွေးဖွား ခဲ့တာ ဖြစ်ပါတယ်။

ကလေး အထူးကု ဆရာဝန် Jose Castillo က Patau Syndrome လို့ ခေါ်တဲ့ အဆိုပါ ကိုယ်အင်္ဂါ မူမမှန်တဲ့ ရောဂါဟာ အလွန်တရာ ရှားပါးလှတဲ့ ရောဂါ တစ်မျိုးဖြစ်ပြီး မီးဖွားမှု ၁၀၀၀၀ ကနေ ၁၅၀၀၀ မှာမှ တစ်ကြိမ်သာ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

ကလေးရဲ့ အခြေအနေဟာ စိုးရိမ်စရာ မရှိပဲ တိုက်ကျွေး ထားတဲ့ အာဟာရကို ပုံမှန် စားနိုင် တာကြောင့် သူ့ ရဲ့ နှလုံးနဲ့ အသက်ရှူ လမ်းကြောင်း ကလည်း ကောင်းမွန်စွာ အလုပ် လုပ်တယ်လို့ ဆိုပါတယ်။

ကလေးရဲ့အဖေနဲ့ အမေဟာ မွေးပြီး ကတည်းက ကလေးကုတင် ဘေးနားက မခွာဘဲ ကလေးငယ်ကို Nuevo Chimbote မှာရှိတဲ့ နေအိမ်ကနေ မိုင် ၃၀၀ ခန့် ဝေးတဲ့ မြို့ တော် Lima က ဆေးရုံဆီ ပို့ ဆောင်ခဲ့ကာ အဆိုပါ ဆေးရုံမှာ သာမန်နှာခေါင်း တစ်ခုထဲ ဖြစ်အောင်လို့ ခွဲစိတ်မှု ခံယူရမှာ ဖြစ်ပါတယ်။

ဆေးရုံရဲ့ မွေးကင်းစ ကလေးငယ် စောင့်ရှောက်ရေး ဌာန အကြီးအကဲ Carlos Arrestegu Ramos က “ ကလေးလေးက အခုတော့ အသက်ရှူ ရတာ ခက်ခဲမှု
မရှိပေမယ့်၊ ပလတ်စတစ် ဆာဂျရီ လုပ်ဖို့ တော့ လိုမှာပါ” လို့ ပြောကြား ခဲ့ပါတယ်။

ကလေးရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုက ကလေးရဲ့ခန္ဓာကိုယ်ကို တခြား ဘာအကျိုး ဆက်တွေ သက်ရောက်နေ သလဲ ဆိုတာကိုတော့ နောက်ထပ် စမ်းသပ် စစ်ဆေးမှုတွေ လိုအပ် လိမ့်မယ်လို့ ဆိုပါတယ်။

( Ye Wint )

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/10/blog-post.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...