အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 4, 2015

ခေါင်းအုံးသုံးပြီး အိပ်ရာပေါ်မှ ဆင်းသည့် ကလေးငယ်ရုပ်သံ ပျံ့နှံ့




လေးဖက်ထောက်စ ကလေးငယ်က ခေါင်းအုံးတွေ အသုံးပြုပြီး အိပ်ရာပေါ် ကနေ ဆင်းပြ သွားတဲ့ ရုပ်သံက အင်တာနက် အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

အိပ်ရာပေါ်က ဆင်းဖို့ ကြိုးစားတဲ့ ကလေးက ခြေထောက်နဲ့ ကြမ်းပြင်ကို မှီ မမှီ စမ်းသပ် ခဲ့ပါတယ်။

ဆင်းဖို့ မမှီတဲ့ အချိန်မှာတော့ သူ့မှာရှိတဲ့ ခွန်အားနဲ့ ခေါင်းအုံးတွေကို အိပ်ရာပေါ် ကနေ တွန်းချပြီး ဒီပေါ်ကနေ တဆင့် ဆင်းခဲ့ ပါတယ်။

မိဘတွေက အခန်းထဲမှာ ကင်မရာကို တပ်ဆင်ပြီး ကလေးလေး အိပ်ရာပေါ် ကနေ ဘယ်လို ဆင်းသလဲ ဆိုတာကို ရိုက်ယူ ခဲ့ပါတယ်။

အနာဂတ် အင်ဂျင်နီယာ ပါရမှီရှိတဲ့ သား ဆိုတဲ့ ဗွီဒီယိုဖိုင်ကို Imgur မှာ Thund3rbolt နာမည်နဲ့ စက်တင်ဘာ ၃၀ ရက်က တင်ခဲ့တာ ဖြစ်ပြီး လူ ၇ သိန်းလောက် ကြည့်ခဲ့ ပါတယ်။


by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114496

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...