အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 16, 2015

အမျိုးသမီး အကျဉ်းထောင်ထဲ မှားယွင်းစွာ အပို့ခံခဲ့ရတဲ့ အမျိုးသား




အသက် ၂၃ နှစ် အရွယ် အမျိုးသား တစ်ယောက်ဟာ အမျိုးသမီး အကျဉ်းထောင်ထဲ မှားယွင်းစွာ အပို့ခံရတဲ့ ကိစ္စ အတွက် ရဲတပ်ဖွဲ့ဝင် aတွလည်း ခေါင်းတောက်အောင် စုံစမ်း စစ်ဆေးနေ ရပါတယ်။

အမျိုးသမီးလို ၀တ်ဆင် ထားတဲ့ Terry Turner ဆိုသူ အမျိုးသားဟာ ခိုးဝှက်မှု တစ်ခုကြောင့် အရေးယူခံ ခဲ့ရပြီး Shelby ခရိုင် အမျိုးသမီး အကျဉ်းထောင်ကို မှားယွင်းစွာ ပို့ဆောင်ခံ ခဲ့ရတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့ အစ်မတော် စပ်သူ Sherita Turner က FOX13 သတင်းဌာနကို ပြောပြ ခဲ့တာကတော့ သူမရဲ့ မောင်ဖြစ်သူဟာ သူဟာ အမျိုးသား တစ်ယောက် ဖြစ်ကြောင်း ပြတ်ပြတ် သားသား ပြောခဲ့ပေမယ့် ရဲအရာရှိ တွေနဲ့ တရားရေး အရာရှိတွေ ကတော့ လက်မခံ ခဲ့ကြ ပါဘူးတဲ့။

"သူ့ကို ၀ရမ်း ထုတ်တော့ ၀ရမ်း ဓါတ်ပုံ ထဲမှာ သူဟာ မိန်းကလေးလို ၀တ်ထား တာပါ။ အဲဒါကြောင့် မိန်းကလေးလို့ သတ်မှတ် ခံရတာပါ။ ဒါပေမယ့် သူက တစ်ချိန်လုံး သူ ယောကျာင်္း ဖြစ်ကြောင်းကို အရာရှိတွေကို ပြောပြနေ ခဲ့တာပါ" လို့ Sherita Turner က ဆိုပါတယ်။

Shelby ခရိုင် ရဲတပ်ဖွဲ့ရုံးကတော့ Turner ဟာဘာကြောင့် အမျိုး သမီးထောင်ကို အပို့ခံရပြီး အမျိုးသား ထောင်တွင်း အသုံးအဆောင်တွေ မရတာလည်း ဆိုတာကို စုံစမ်း စစ်ဆေးမယ်လို့ ဆိုပါတယ်။

"သူ ရေချိုးခန်းထဲ ရောက်တဲ့ အခါမှာ အမျိုးသမီး တွေက သူ့ရဲ့ အမျိုးသား အင်္ဂါကိုတွေ့သွားပြီး အော်ဟစ် ခဲ့ကြပါတယ်။" လို့ ရဲတပ်ဖွဲ့ကို နိုင်ငံသား အခွင့်အရေး အကြမ်းဖက်မှုနဲ့ စွပ်စွဲထားတဲ့ Sherita Turner က ဆိုပါတယ်။

"ရဲတွေ အနေနဲ့ သူတို့ အမှားကြီး လုပ်ခဲ့မိ တယ်ဆို တာကို ၀န်ခံရမှာပါ။ ကျွန်မ မောင်လေး ဘာလဲ ဆိုတာကို ရိုးရှင်းစွာ လက်ခံနိုင်ဖို့ လိုပါတယ်။ ဒါဟာ ရဲတွေရဲ့ အမှားပါ" လို့ သူမက ဆိုပါတယ်။

Turner ဟာ လက်ရှိမှာ လွတ်ရက် မရောက်ခင် အထိ အကျဉ်းကျ ပြစ်ဒဏ်ခံရဖို့ အမျိုးသား အကျဉ်းထောင်ကို ပြောင်းရွှေ့ခံလိုက် ရပြီ လို့ သိရပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_60.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...