အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 24, 2015

လန်းနားအမွေ ထိုင်း ပိုးတောင်မာ တိုက်ပွဲ (ရုပ်သံ)




ထိုင်းနိုင်ငံ နန့်ခရိုင် မှာတော့ ရိုးရာ ပိုးတောင်မာ အကောင်တွေကို တိုက်ခိုက် ခိုင်းတဲ့ပွဲဟာ အခုချိန်ထိ လူသိများ aနဆဲ ဖြစ်ပါတယ်။

ပိုးတောင်မာတွေ ဦးခေါင်းက ဂျိုကို သုံးပြီး အချင်းချင်း တိုက်ခိုက်ကြတဲ့ ဒီအလေ့ အထဟာ လန်းနား လူမျိုးတွေ ဆီကနေ ဆက်ခံခဲ့တဲ့ အမွေ ဖြစ်ပါတယ်။

ဒီပိုးတောင်မာတွေကို ရွာသားတွေ ဘယ်လို ရှာဖွေတယ်။ ဘယ်လို တိုက်ခိုက် ကြတယ် ဆိုတာကို ထိုင်း ဘန်ကောက်ပိုစ့် သတင်းဌာနက ၃ မိနစ်နဲ့ ၅ စက္ကန့် ရုပ်သံဖိုင် အဖြစ် ရိုက်ကူး မှတ်တမ်း တင်ထား ပါတယ်။

မိုးတွင်းကာလမှာ ရွာကလူငယ်တွေ လယ်ထဲဆင်း အလုပ်လုပ်ပြီးရင် တောထဲသွားပြီး ပိုးတောင်မာတွေကို ရှာဖွေတယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ရွာက လူငယ်တွေက ဒီပိုးတောင်မာတွေကို တိုက်ခိုက် ခိုင်းတာ ဖြစ်ပါတယ်။

ဒါဟာ ရွာသားတွေ အတွက် စည်းလုံး ညီညွတ်မှုကို ဖြစ်စေတယ် လို့လည်း ဆိုပါတယ်။ ပိုးတောင်မာ အရွယ်အစားကို မူတည်ပြီး တိုက်ပွဲကလည်း ၄ မျိုးလောက် ရှိပါတယ်။

အရွယ်အစား ကြီးတဲ့ အထီးတွေ တိုက်တဲ့ပွဲ၊ အရွယ်အစား ငယ်ပြီး ရှည်တဲ့ ဦးချိုပိုလှတဲ့ ပိုးတောင်မာတွေ တိုက်တဲ့ပွဲ၊ ဦးချို ၅ ခုပါတဲ့ ပိုးတောင်မာ တိုက်ပွဲနဲ့ ဦးချို ၃ ခုပါတဲ့ ပိုးတောင်မာ တိုက်ပွဲတို့ ဖြစ်ပါတယ်။

အမ ပိုးတောင်မာကို အထဲမှာ ထည့်ထားတဲ့ သစ်သားစင်မြင့်ပေါ်မှာ အကောင်တွေကို တိုက်ခိုက်ခိုင်း တာလည်း ဖြစ်ပါတယ်။ အမနံ့ကို ရတဲ့ အထီးတွေက စိတ်လှုပ်ရှားပြီး တိုက်ခိုက် ကြတာ ဖြစ်ပါတယ်။

ဦးချိုနဲ့ ပြိုင်ဘက်ကို ထိုးနှက် တိုက်ခိုက်ပုံကို ကြည့်ပြီး သရေ အနိုင်အရှုံးကို ဆုံးဖြတ်ကြ တာလည်း ဖြစ်ပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118280

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...