အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

ကမ္ဘာမှာ Sexy အဖြစ်ဆုံး နိုင်ငံရေးသမား ဖြစ်လာတဲ့ ယူကရိန်းမော်လ်ဒယ်မလေး




မြို့တော် ၀န် အဖြစ် ၀င်ရောက် ရွေးကောက် ခံမယ့် အမျိုးသမီး တစ်ဦးဟာ ထူးဆန်းတဲ့ Sexy ဗီဒီယို တစ်ခုထဲမှာ ပါဝင်နေပြီး ထို ဗီဒီိယိုကတော့ ရွေးကောက်ပွဲနေ့ မတိုင်ခင် မှာ ထွက်ပေါ် လာခဲ့ပါတယ်။

Valeria Prokopenko ဆိုတဲ့ မော်ဒယ်လ် မလေးဟာ သူမရဲ့ အနက်ရောင် ပင်တီနဲ့ ဘရာစီယာ တို့ကိုသာ ၀တ်ဆင်ထားပြီး အိပ်ယာထက်မှာ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်တွေနဲ့ သရုပ်ဆောင်ထားတဲ့ ဗီဒီယို ဟာ ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။ တစ်ကယ်တော့ ထို ဗီဒီယိုဟာ "Miss Olymp" လို့ခေါ်တဲ့ အလှအပ ပြိုင်ပွဲတစ်ခုမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရိုက်ကူး ထားခဲ့တာပါ။

သူမ အနေနဲ့လည်း ဒီဗီဒီယို ကို ရွေးကောက်ပွဲ မတိုင်ခင်နေ့မှာ ထွက်ပေါ်လာဖို့ မျှော်လင့်ထားမှာ မဟုတ်ပါဘူး။

အသက် ၂၁ နှစ်သာရှိသေးတဲ့ Prokopenko ဟာ ယူကရိန်း နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ Odessa Oblast ဒေသ ရဲ့ Odessa မြို့မှာ မြို့တော်ဝန် အဖြစ် ၀င်ရောက် ရွေးကောက်ခံဖို့ ကြိုးစားနေခဲ့တာပါ။ ဒီဗီဒီယိုထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတာက Prokopenko ရဲ့ ပြိုင်ဘက် တစ်ယောက်ယောက်က သူမရဲ့ အောင်မြင်မှုကို ထိခိုက်လာစေဖို့ ဒီဗီဒီယိုကို အင်တာနက်မှာ တင်လိုက်တာ ဖြစ်နိုင်ပြီး ရလဒ်ကတော့ ဆန့်ကျင်ဘက် သက်ရောက်မှုတွေ ဖြစ်နေခဲ့ပါတယ်။

သူမကို ရုရှား ပရိုဂျူဆာ တစ်ယောက်က ပေါ့ပ်တီးဝိုင်း Ruki Vverh ရဲ့ သီချင်း ဗီဒီယို တစ်ခုမှာ ၀င်ရောက် သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်း ထားတယ်လို့ သိရပါတယ်။

ဒီဗီဒီယို ထွက်လာပြီးတဲ့နောက်မှာတော့ သူမကို တရားမ၀င်စွာနဲ့ ကမ္ဘာမှာ Sexy အဖြစ်ဆုံး နိုင်ငံရေးသမား တစ်ယောက်အဖြစ် သတ်မှတ် ခဲ့ကြပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/10/sexy.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...