အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

ဇနီးသည်ကို ယောက်ျား ၂၇၀၀ နဲ့ အဓမ္မ လိင်ဆက်ဆံစေခဲ့တဲ့ ခင်ပွန်း




ခင်ပွန်း တစ်ယောက်ဟာ သူ့ရဲ့ မိန်းမဖြစ်သူကို လေးနှစ်တာ အတွင်း ဖောက်သည်ပေါင်း ၂၇၄၂ ယောက်ဆီကို လိင်ဆက်ဆံဖို့ အတွက် ငှားရမ်း ခဲ့မှု ဖြစ်ခဲ့ ကြောင်း တရားရုံးမှာ ယနေ့ ကြားနာ ခဲ့ရပါတယ်။

အသက် ၅၄နှစ် ရှိပြီဖြစ်တဲ့ အဲဒီ ခင်ပွန်း ဖြစ်သူဟာ ဒီ ပြည့်တန်ဆာ လုပ်ငန်းကနေ တစ်လကို ပေါင် ၅၀၀၀ ကျော် ငွေရှာနိုင် ခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကိုတော့ ဥပဒေကြောင်း အရ ဖော်ပြခွင့် မရပါဘူး။

အသက် ၄၆နှစ်ရှိ သူ့ဇနီးဟာ ဖောက်သည်တွေကို ဝန်ဆောင်မှု ပေးနေတဲ့ အချိန်မှာတော့ သူရဲ့ ၅နှစ် အရွယ် ကလေးနဲ့ အတူ အိမ်ရှေ့က ကားထဲမှာ ထိုင်စောင့်လေ့ ရှိတယ်လို့ သိရပါတယ်။ သူတို့နေထိုင် တာကနေ ပါရီမြောက်ပိုင်း မီရာအောက်စ်မှာပါ။

“ခင်ပွန်းဖြစ်သူက သူ့ဇနီးသည်ကို စိတ္တဗေဒ နည်းအရ လွှမ်းမိုးမှုတွေ ပြုလုပ်ခဲ့တယ်။ တစ်ခါတလေ သိပ်ကြမ်းတဲ့ ဖောက်သည်တွေရဲ့ လိင်ဆက်ဆံ လိုမှုကို သူ့ဇနီး ကိုယ်တိုင်က မရပ်မနား ဖြည့်ဆည်း ပေးအောင်ပေါ့။” လို့ မြို့နယ်ပြစ်မှု တရားရုံးက ရှေ့နေ Emmanuel Dupic က ပြောပြခဲ့ ပါတယ်။

ဒီဇနီးမောင်နှံ အိမ်ထောင် ကျခဲ့တဲ့ ၁၀နှစ်ရှိပါပြီ။ သူတို့ကို အောက်တိုဘာလ ၂၀ရက်က ဖမ်းဆီးခဲ့ပြီး ခင်ပွန်းဖြစ်သူကို ပြည့်တန်ဆာမှုနဲ့ တရားစွဲကာ ထောင် ၁၀နှစ် ကျခံရဖို့ ရှိပါတယ်။

Ref: Daily Mail

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_70.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...