အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 4, 2015

ငှက်ပျောသီးတွေ ပျောက်ကွယ် သွားနိုင်တယ်လို့ လေ့လာမှု အသစ် တစ်ရပ်ကဆို




မကြာခင် ကျွန်တော်တို့ စားသုံနေတဲ့ အသီး ပန်းကန် ထဲက ငှက်ပျောသီး တွေဟာ အတိတ်မှာပဲ ကျန်ခဲ့နိုင်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဆိုလိုက် ပါတယ်၊

နယ်သာလန်နိုင်ငံက သုတေသီများက ကမ္ဘာပေါ်မှာ လူကြိုက် အများဆုံး ငှက်ပျောသီးတွေ ထဲကတစ်ခုဖြစ်တဲ့ ပနားမား ငှက်ပျော သီးတွေဟာ မှိုရောဂါ တစ်မျိုးရဲ့အန္တရာယ် ကျရောက်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့ပြီး ဒီရောဂါဟာ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ သြစတြေးလျ တို့ကို ဖြတ်ပြီး ပြန့်နှံ့ လာနိုင်တယ်လို့ သိရပါတယ်။

ဒီရောဂါဟာ တစ်ကမ္ဘာလုံးရဲ့ သီးမွှေး ငှက်ပျောသီးတွေ ၈၂ ရာခိုင်နှုန်းတိုင် စိုက်ပျိုးထားတဲ့ တောင်အမေရိကကို ဖြတ်ပြီး မလွဲမသွေ ကျရောက် လာနိုင်တယ်လို့ သိရပါတယ်၊

ပနားမား မှိုရောဂါဟာ မြေဆီလွှာထဲမှာ နှစ်သုံးဆယ်နဲ့ အထက်အထိ ဖြစ်ပွားနိုင် တယ်လို့ သိရပါတယ်၊ ဒီမှိုရောဂါဟာ အပင်ရဲ့ရေသောက်မြစ် ဖွဲ့စည်းမှုကို အနှောင့်အယှက် ပေးပြီး အပင်ကို ရေဓာတ် ခမ်းခြောက် စေကာ အလျှင် အမြန် သေဆုံးစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊

Ref: The Telegraph

Original link - http://health.thithtoolwin.com/2015/12/blog-post_5.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...