အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 6, 2015

ဂရင်းနစ် စံချိန် တင်နိုင်ဖို့ တင်ပြသွားမယ် ဆိုတဲ့ ရုရှား သမ္မတ ရဲ့ ပုံတူချော့ကလက် ပန်းပုရုပ်




ရုရှား နိုင်ငံရဲ့ အထင်ကရ ချော့ကလက် ပွဲတော် ကို စီစဉ် သူတွေ ပြောပြချက် အရ ဒီနှစ် အတွက် ချော့ကလက် ပွဲတော် အခမ်း အနားမှာ လူအရွယ် အစားရှိတဲ့ ရုရှး သမ္မတ Vladimir Putin ရဲ့ ပုံတူ ပန်းပု ရုပ်နဲ့ သူYရဲ့ ခွေးပုံတူ ပန်းပု ရုပ်တို့ကို ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို ချော့ကလက် ပွဲတော်ကို St.Petersburg မြို့မှာ ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ထို ပွဲတော်မှာ ပြသမယ့် ရုရှား သမ္မတ Vladimir Putin ရဲ့ ပုံတူပန်းပူ ရုပ်ဟာ ပေါင် ၁၇၀ အလေးချိန်ရှိတယ်လို့လည်း သိရပါတယ်။

ပွဲတော် ကျင်းပရေး အဖွဲ့ဝင်တွေပြောပြခဲ့တာကတော့ အခုလို ရုရှား သမ္မတ Vladimir Putin ရဲ့ ပုံတူ ပန်းပု ရုပ်ကို ပြသခြင်းဟာ နိုင်ငံရေး ဖော်ပြချက် တစ်ခုမှ ပါဝင်ခြင်းမရှိပဲ ပြီးခဲ့တဲ့ နှစ်က ပြသခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ပုံတူ ချော့ကလက် ပန်းပုရုပ် ကြောင့် ဒီနှစ်မှာ ရုရှား သမ္မတ ကို ချော့ကလက် ပန်းပု ရုပ် ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပန်းပုရုပ်ပြုလုပ်သူတွေ ပြောပြခဲ့တာကတော့ သူတို့ဟာ Putin ပုံတူ ပန်းပုရုပ်ကို ကမ္ဘာ့အကြီးဆုံး လောကီ ခေါင်းဆောင် ပုံတူချော့ကလက် ရုပ်အဖြစ် ဂရင်းနစ် စံချိန် တင် နိုင်ဖို့ တင်ပြသွားမှာ ဖြစ်ပါတယ်တဲ့။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_92.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...