အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 10, 2016

ရင်ခွဲရုံတွင် တစ်ညထား ခဲ့သည့် ကလေးအလောင်း မီးသဂြိုဟ်ခါနီး အသက် ပြန်ရှင်လာ




တရုတ်နိုင်ငံတွင် သေပြီဆိုကာ ရင်ခွဲရုံ ပို့ပြီး တစ်ညထား ခဲ့သည့် ကလေးအလောင်း တစ်လောင်းသည် မီးသဂြိုဟ် ခါနီးလေး၌ အသက် ရှင်လာပြီး ပြန်လည် နိုးထလာ ခဲ့သည့် ဖြစ်ရပ်ဖြစ်ပွား ခဲ့ကြောင်း ဒေသတွင်း ရုပ်မြင်သံကြားက သတင်း ထုတ်လွှင့် ခဲ့သည်။

ရှီကျန်းပြည်နယ်ရှိ ပန်အန်းဒေသက မီးသဂြိုဟ်စက်တွင် ဖေဖော်ဝါရီ ၅ ရက်က ယင်းကလေး အလောင်းကို အလုပ်သမား များက မီးသဂြိုဟ်ဖို့ လုပ်စဉ် ကလေး အလောင်းက ထငိုခြင်း ဖြစ်ကြောင်း ရုပ်မြင်သံကြား ချန်နယ်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြသသည်။

ကလေးငယ်မှာ ယောက်ကျားလေးဖြစ်ပြီး ညပိုင်းက သေပြီဆိုကာ အပူချိန် ၁၂ ဒီဂရီ စင်တီဂရိတ်ရှိ ရင်ခွဲရုံ အတွင်း ၁၅ နာရီကြာ ထားရှိခဲ့ခြင်းဖြစ်သည်။

ကလေးမှာ ပြန်လည် အသက်ရှင်ကြောင်း တွေ့ရှိခဲ့ ပြီးနောက် မီးသဂြိုဟ်စက် ဝန်ထမ်းများက ကလေး၏ ဖခင်ထံ အကြောင်းကြားပြီး ဆေးရုံ အထူး ကြပ်မတ် ဆောင်သို့ ပြန်လည် ပို့ဆောင် ကုသမှုပေး ခဲ့ရသည်။

"ဒါက ကျွန်တော် တစ်သက်တာမှာ ပထမဆုံး ကြုံလိုက် ရတာပဲ။ တကယ် အံ့သြစရာ ကောင်းပါတယ်။"ဟု ဇန်နဝါရီလ အတွင်းကမှ ယင်းကလေးငယ် မွေးဖွားခဲ့သည့် ပန်အန်းဆေးရုံက ဆရာဝန် တစ်ဦးက ပြောကြားသည်။

ကလေးငယ်၏ ဖခင်ဖြစ်သူက ဖေဖော်ဝါရီ ၈ ရက်တွင် စတင်မည့် နှစ်သစ်ကူးပွဲ အတွက် ၎င်းတို့နှင့် အတူရှိနေရန် ယင်းဆေးရုံတွင် ဇန်နဝါရီလ အတွင်းကမှ မွေးဖွားသည့် ယင်းကလေးငယ်ကို ကလေးများကို ထားရှိသည့် အနွေးသေတ္တာ အတွင်း ၂၃ ရက်ကြာ ထားရှိပြီး အိမ်သို့ ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကလေး၏ အခြေအနေမှာ အိမ်ပြန်ရောက်ပြီး ရက်ပိုင်းအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ဖြစ်လာ ခဲ့ခြင်းကြောင့် ဆေးရုံပြန် တင်ရကာ ဖေဖော်ဝါရီ ၄ ရက်တွင် ကလေးငယ် နှလုံးခုန် ရပ်တန့် သွားပြီဟု ဆရာဝန်များက သေဆုံးကြောင်း အတည်ပြု ခဲ့ခြင်းဖြစ်သည်။

ယင်းသေဆုံးသည့် ညတွင် ရင်ခွဲရုံ၌ ကလေးကို ထားရှိခဲ့ ပြီးနောက် နောက်တစ်နေ့ နံနက် မီးသဂြိုဟ် ခါနီးတွင် ယခုကဲ့သို့ ကလေးငယ်မှာ အသက်ရှင်လျက် ရှိပြီး ပြန်လည်နိုးထမှု ဖြစ်ပွားခြင်းပဲဖြစ်သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/10996


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...