အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, February 22, 2016

ဒဏ္ဍာရီထဲက ရေသူမလေး အဖြစ် ရှင်သန်နေထိုင်သူ




မယ်လနီလောင်းလို့ အမည်ရတဲ့ အသက် ၂၅ နှစ် အရွယ် အမျိုးသမီးဟာ ဒဏ္ဍာရီ ထဲက ရေသူမလေး အသွင်နဲ့ ရှင်သန် နေထိုင် နေသူပါ။

ဒဏ္ဍာရီထဲက ရေသူမလေး အေရီရယ့်လိုပဲ မီးတောက် မီးလျှံရောင် ဆံပင်ပုံစံနဲ့ လက်ချုပ် ရေသူမ ၀တ်စုံ ၀တ်ဆင် ထားတဲ့ မယ်လနီဟာ ငယ်စဉ် ကလေး ဘ၀တည်းက အိပ်ခန်း တွင်းမှာ အေရီရယ်ရဲ့ ပုံတွေ၊ ဇာတ်လမ်းတွေနဲ့ ရှင်သန် ကြီးပြင်း လာခဲ့သူပါ။

“ကျမမိဘတွေကို ကျမ ရေသူမလေးဖြစ်ချင်တယ်လို့ ပြောခဲ့ချိန်မှာ သူတို့စိတ်ထဲ အနည်းငယ် ထူးဆန်းခဲ့ကြပေမယ့် ကျမဘာလုပ်လုပ် ပံ့ပိုးပေးခဲ့ကြပါတယ်။”

မယ်လနီဟာ စကော့တလန်နိုင်ငံ၊ ကလိုက်ဒ်ဘန့်ခ်မြို့မှဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ဆီ ရေငုပ်မယ်အဖြစ် လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပြောင်းရွှေ့လာခဲ့တာပါ။

ကျောင်းကပွဲ ပျော်ပွဲရွှင်ပွဲတွေမှာ သူဟာ ကလေးငယ်တွေကို ရေသူမအသွင် ၀တ်စားဆင်ယင်ကာ ဖျော်ဖြေတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တာပါ။

သူ့ရဲ့ ရေသူမ၀တ်စုံကို အမြီးပါတဲ့ ရေကူးဝတ်စုံအဖြစ် ချုပ်လုပ်ထားတာဖြစ်တယ်လို့ ဆန်းဒေးပို့စ်သတင်းမှာ ဖော်ပြပါတယ်။

မယ်လနီက “သာမန်ရေကူးသမားတယောက်အဖို့ တနေ့တာ ဖျော်ဖြေမှုကနေ ၀င်ငွေဒေါ်လာ ၂၀ ကနေ ၈၀ ထိ ရရှိနိုင်မှာဖြစ်ပေမယ့် ခုလို ရေသူမအသွင်နဲ့ ဖျော်ဖြေမှုကတော့ ၀င်ငွေပိုရတယ်” လို့ ပြောပါတယ်။

သူ့ရဲ့ရေကူးဝတ်စုံဟာ ၁၉၈၄ ခုနှစ်က “Splash” ရုပ်ရှင်ကားထဲမှ ရေသူမ ၀တ်စုံ ပုံစံကို ဆီလီကွန်နဲ့ ချုပ်ထားတာပါ။

လေးပေ အရှည်ရှိတဲ့ အဲဒီဝတ်စုံကို တနှစ်တကြိမ် ချုပ်ရတာဖြစ်ပြီး ကုန်ကျငွေ ဒေါ်လာ ၉၈၀ ရှိတယ်လို့ ဆိုပါတယ်။

ခုချိန်မှာတော့ ရေသူမလေး မယ်လနီဟာ ရေအောက်မီတာ ၁၀၀ ၀န်းကျင်မှာ အသက်မရှူဘဲ ကူးခတ်နိုင်ပါတယ်။

မယ်လနီရဲ့မိခင် အသက် ၆၄ နှစ်အရွယ် မိတ်ကပ်ပညာရှင် ဂျွန်ကတော့ သူ့ကို ခုလို ရေသူမလေးအဖြစ် ကြီးပြင်းလာမယ်လို့ စိတ်မကူးထားမိဘူးလို့ ၀န်ခံပြောဆိုပါတယ်။

“သူငယ်ငယ်တည်းက ဖြစ်ချင်တဲ့ အိပ်မက်တွေနောက်ကို လိုက်နိုင်အောင် ကျမ အမြဲတွန်းအားပေးခဲ့ပေမယ့် ခုလို ရေသူမလေးတဦးလို ဖြစ်လာလိမ့်မယ် ဆိုတာကိုတော့ ကျမ တွေးမထားဖူးပါဘူး။”

မယ်လနီဟာ ၂၀၁၆ ခုနှစ် အထူးရေငုပ်မယ်အဖြစ် ရွေးချယ်ချီးမြှင့်ခံခဲ့ရပြီး စကော့တလန်နိုင်ငံကို အဏ္ဏ၀ါသိပ္ပံပညာရပ် ဆက်လက်သင်ယူဖို့ ပြန်သွားခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

မယ်လနီက “ကျမကို ခုချိန်မှာ လှပပြီး အလုပ်များနေတဲ့ ရေသူမလေးအဖြစ် ရှင်တို့ပြောနိုင်ပါပြီ” လို့ ပြောပါတယ်။


by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/136426


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...