အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, February 23, 2016

ကိုယ်ဝန်ဆောင်သိုးမကြီးကို မီးဖွားနိုင်ရန် ကူညီပေးခဲ့သူ ၃ နှစ်သမီးလေး ရုပ်သံ ရေပန်းစား




အင်္ဂလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ကိုယ်ဝန်ဆောင် သိုးမကြီးကို မီးဖွားနိုင်ဖို့ ကူညီပေး ခဲ့တဲ့ ၃ နှစ် သမီးလေးရဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ် လူမှု ကွန်ရက် အင်တာနက် စာမျက်နှာ ပေါ်မှာ ၀င်ရောက် ကြည့်ရှုပြီး ပြန်လည် မျှဝေသူ ၂ သောင်းကျော် ရှိခဲ့ပြီး ရေပန်းစား နေပါတယ်။

လီလီနီကိုးလပ် အမည်ရတဲ့ အဲဒီ ကလေးငယ်ဟာ ကိုယ်ဝန်ဆောင် သိုးမကြီးကို မီးဖွားနိုင်ဖို့ အစအဆုံး လုပ်ဆောင်နိုင် ခဲ့တာကို မိခင်ဖြစ်သူ ရေချယ်နီကိုးလပ်က ရုပ်သံ ဗွီဒီယိုဖိုင်နဲ့ မှတ်တမ်း တင်ခဲ့တာပါ။

လီလီဟာ အင်္ဂလန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်၊ ရက်ဂ်လန်ကျေးရွာ မွေးမြူရေး ခြံထဲမှာ ဖခင် မာ့ခ်၊ မိခင် ရေချယ်၊ အစ်မဖြစ်သူ ကက်သရင်း (၁၀ နှစ်) တို့နဲ့ အတူ နေထိုင်ကြီးပြင်း လာပြီး ခြံထဲက မွေးမြူ ထားတဲ့ တိရစ္ဆာန်တွေကို သန့်ရှင်းရေးနဲ့ မွေးမြူ စောင့်ရှောက် မှုတွေကို ကူညီ လုပ်ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။

ခုချိန်ဟာ သိုးတွေ သားပေါက်တဲ့ ရာသီဖြစ်ပြီး လီလီ့ အတွက်တော့ ဒါဟာ ပထမ အကြိမ် မဟုတ်ဘူးလို့ မိခင်ဖြစ်သူ ရေချယ်က ပြောပါတယ်။

၃ မိနစ်စာ ရုပ်သံ ဗွီဒီယိုဖိုင်ထဲမှာ မိခင်ရဲ့ ညွှန်ကြားမှုနဲ့ အတူ လီလီဟာ စီစဉ်တကျ မွေးဖွားနိုင်ဖို့ သန္ဓေသားလောင်းရဲ့ ခေါင်းကို လှည့်ပေးနိုင် ခဲ့ကာ ဘယ်သူ့ အကူ အညီမှ မပါဘဲ အပြင်ကို ဆွဲထုတ် မွေးဖွား ပေးနိုင် ခဲ့တာကို တွေ့ရမှာပါ။

ရေချယ်က “လီလီက ခြံထဲမှာပဲ မွေးပြီး ကြီးလာတော့ ဒီအလုပ်တွေဟာ သိပ်စိမ်း မနေပါဘူး။ ခြံထဲက တခြားအလုပ်တွေ ကိုလည်း သူ ၂ နှစ် အရွယ်တည်းက အမြဲ ကူညီနေကျပါ” လို့ ပြောပါတယ်။

လီလီဟာ တကြိမ်မှာ မိခင်ဖြစ်သူ သိုးမွေးဖွားနိုင်ဖို့ ကူညီပေး ခဲ့ရပြီး မှတ်ထားခဲ့ကာ ခုလို လုပ်ပြနိုင် ခဲ့တာ ဖြစ်တယ်လို့ ဝေးလ်စ် အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

“တရက်မှာ ကျမ သိုးတကောင်ကို မွေးဖွားပေးနိုင်ဖို့ လုပ်နေတုန်း လီလီက ဘေးနားမှာ ကြည့်နေ ခဲ့တယ်။ အဲဒါကို မှတ်ထား ခဲ့ပြီး ခုချိန်မှာတော့ သူလုပ်ပြနိုင် ခဲ့ပြီလေ” လို့ ရေချယ်က ပြောပါတယ်။



Video from : lilly Nicholas

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/136507


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...