အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, March 8, 2016

မှင်စာနှင့်တူသည့် ချစ်စရာ ရေဘ၀ဲလေး




အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီ ကမ်းရိုးတန်းမှာ မှင်စာလေးနဲ့ တူတဲ့ ရေဘ၀ဲလေး တစ်ကောင်ကို သိပ္ပံပညာရှင် တွေက ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ နယူးစ်နက်-၅ သတင်းမှာ မတ်လ ၇ ရက်နေ့က ဖော်ပြ ပါတယ်။

အဲဒီ ရေဘ၀ဲလေးဟာ အရင် တွေ့နေကျ ရေဘ၀ဲတွေနဲ့ မတူဘဲ မျိုးစိတ်သစ် တခုဖြစ်နိုင်ပြီး The Okeanos Explorers အမည်ရ သင်္ဘောက ပစိဖိတ်သမုဒ္ဒရာ ရေအောက် ကြမ်းပြင်အောက် အနက်ပေ ၁၃၅၀၀ လောက်မှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထု ဆိုင်ရာ ညွှန်ကြားမှု ဦးစီးဌာန (အန်အိုအေအေ) က ပြောပါတယ်။

တွစ်တာ အင်တာနက် လူမှု ကွန်ရက် စာမျက်နှာ အသုံးပြု သူတွေ ကတော့ ဒီရေဘ၀ဲလေးဟာ နာမည်ကျော် ကက်စ်ပါ သရဲ ရုပ်ရှင်ကားထဲမှ ဇာတ်ကောင် မှင်စာလေးနဲ့ တူတဲ့ အတွက် မှင်စာရေဘ၀ဲလေး အဖြစ် နာမည်ပြောင် ပေးနေ ကြတာပါ။

အန်အိုအေအေမှ သတ္တဗေဒ ပညာရှင် မိုက်ကယ် ဗက်ချီဝမ်က “ခုတွေ့ရှိရတဲ့ ရေဘ၀ဲဟာ ထူးခြား ပါတယ်။ သူ့မှာ ရောင်ခြယ်ပစ်ဂ်မန့်ဆဲလ်တွေ မပါဘဲ ဖြူဖျော့နေပါတယ်။ သူ့ကိုကြည့်ရတာလည်း သိပ်ကြံ့ခိုင်ပုံ မပေါ်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဒီရေဘ၀ဲလေးရဲ့ မျိုးစိတ်ကို မသတ်မှတ်နိုင် သေးဘူးလို့ သတင်းက ဆိုပါတယ်။


by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/138632


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...