အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, July 1, 2016

စင်္ကာပူမှာ မြန်မာလမ်းနာမည်တွေ ဘာကြောင့် ရှိနေတာလဲ




မြန်မာ အမည်တွေနဲ့ လမ်း နာမည်ဟာ စင်္ကာပူ နိုင်ငံမှာ တစ်ခု မကဘဲ ဆယ်ခုကျော်ထိ ရှိပါတယ်။ ရန်ကုန်လမ်း၊ မန္တလေးလမ်း၊ ရှမ်းလမ်း၊ ဧရာဝတီလမ်း၊ မင်းဘူးလမ်း၊ မော်လမြိုင်လမ်း၊ ပုသိမ်လမ်းနဲ့ စတဲ့ လမ်း နာမည်ပေါင်း ၁၀ ခုကျော်ထိ ရှိတာ ဖြစ်ပါတယ်။

ဒီလို ရှိရတဲ့ အကြောင်း အရင်းနဲ့ ပတ်သက်ပြီး ယူဆချက်တွေ အမြောက် အများ ရှိပါတယ်။ ဒီထဲကမှ စင်္ကာပူ The Straits Time သတင်းစာကြီးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြ ထားတဲ့ ဆောင်းပါး တစ်ပုဒ်က ယူဆချက် (၂) ချက်ကို ဖော်ပြ ပေးလိုက် ပါတယ်။




စစ်ပွဲ


အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ၁၈၀၀ ပြည့်နှစ် တွေမှာ ဒီလမ်း နာမည်တွေ ပေါ်လာတာ ဖြစ်ပါတယ်။ မြို့တစ်မြို့ကို သိမ်းပိုက်နိုင်တဲ့ အခါ အဆိုပါမြို့ရဲ့နာမည်ကို အင်္ဂလိပ် တွေက စင်္ကာပူမှာ ခေါ်တွင် စေတာလို့ ဆိုပါတယ်။

ဒီအယူအဆက မဖြစ်နိုင်ဘူးလို့ ဆိုကြ ပါတယ်။ ဗြိတိသျှ တွေဟာ မြန်မာနိုင်ငံကို တောင်ဘက် ကနေ သိမ်းပိုက် ခဲ့တာဖြစ်ပြီး မြို့နာမည်တွေက အစီစဉ် မကျဘဲ မြန်မာ နိုင်ငံကို မြေပုံမှာ ကျော်ခွပြီး တိုက်ခဲ့ သလို ဖြစ်နေ ပါတယ်။

ဦးကျော်ခေါင်

သြဇာလွှမ်းမိုးမှုရှိတဲ့ မြန်မာလူမျိုး ဦးကျော်ခေါင်ဆိုတာ စင်္ကာပူမှာ နေထိုင်ခဲ့ပါတယ်။ သူဟာ ၁၈၀၀ ပြည့်နှစ်တွေမှာ စင်္ကာပူကို ပြောင်းရွှေ့လာတာလို့ ခန့်မှန်းရပါတယ်။ သူဟာ အာဏာပိုင်တွေကို သြဇာလွှမ်းမိုးမှု ရှိတာကြောင့် သူ့ရဲ့တင်ပြမှုနဲ့ ဒီလမ်း နာမည်တွေ ဖြစ်ပေါ် လာတယ်လို့လည်း ယူဆကြပါတယ်။

Source: The Straits Time, Google Map

Originally published at - http://www.duwun.com.mm

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...