အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 2, 2015

လိုချင်တဲ့ အရောင်ရတဲ့ မိုက်ခရို ၀က်လေးတွေ မွေးကြဦးမလား




အိမ်မွေး တိရိစ္ဆာန် တစ်ကောင် မွေးဖို့ ရှာနေတယ် ဆိုရင်၊ ခွေးတွေ ကြောင်တွေ မဟုတ်ဘဲနဲ့ တခြား စိတ်ဝင်စားစရာ ကောင်းတာ မရှိတော့ ဘူးလားလို့ စဉ်းစားမိတယ်။ သိပ်မကြာခင် ကာလ တစ်ခုမှာ မျိုးရိုးဗီဇ အဆင့်မြှင့်ထားတဲ့ မိုက်ခရို ၀က်လေးတွေကို ခင်ဗျားတို့လည်း ၀ယ်မွေးနိုင် တော့မှာပါ။

အလယ်အလတ်ဆိုဒ် ခွေးတစ်ကောင် အရွယ်လောက် ရှိတဲ့ ၃၃ ပေါင်လေး ၀က်ကောင်ငယ်လေး တွေကို တရုတ်သိပ္ပံ ပညာရှင်တွေ ဖန်တီးခဲ့ပြီး မူလ ရည်ရွယ်ချက် ကတော့ လူသား ရောဂါတွေရဲ့ အစမ်းသပ်ခံ ဖြစ်လာဖို့ပါပဲ။

မိုက်ခရို ၀က်လေး တစ်ကောင်ကို ယွမ်ငွေ ၁၀,၀၀၀ (ကန်ဒေါ်လာ ၁၆၀၀) နဲ့ စတင်ရောင်းချဖို့ အစီအစဉ် ရှိတယ်လို့ Shenzhen မှာ လုပ်ခဲ့တဲ့ ထိပ်သီး ညီလာခံ တစ်ခုမှာ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။ ဈေးနည်းနည်း များရတာက သူတို့ကို အဆင့်မြှင့် နိုင်တယ်၊ အထီး၊ အမ လိင်အင်္ဂါနဲ့ ကိုယ်လိုချင်တဲ့ ၀က်ရဲ့ အရောင်ကိုပါ ရွေးချယ်နိုင် တာတွေ ပြုလုပ်နိုင် လို့ပါတဲ့။

Talen လို့ခေါ်တဲ့ (Transcription activator-like effector nuclease) နည်းပညာကို အသုံးပြုပြီး ပုံမှန်ဆိုဒ် အမတွေ အရွယ်ရှိတဲ့ အထီးတွေကို သားဖောက် ခဲ့တာ ဖြစ်ပါတယ်။

DNA မှာ တွဲနှောင် ပါရှိတဲ့ ပရိုတိန်းနဲ့ အင်န်ဇိုင်းတစ်မျိုးကို လိုချင်တဲ့ မျိုးရိုးဗီဇဖြစ်လာဖို့ အတွက် အသုံးပြု ထားပါတယ်။ Talen နည်းပညာနဲ့ Bama ၀က်အ မျိုးအစားရဲ့ အချင်းအိမ် ထဲမှာရှိတဲ့ Growth Hormone Receptor (GHR) မိတ္တူနှစ်ခု အနက်က တစ်ခုကို ရပ်တန့် သွားစေ ပါတယ်။

ဒီ Receptor မရှိဘဲရင် ဆဲလ်တွေက မကြီးထွား လာတော့ ပါဘူး။ ဒီလိုနဲ့ မိုက်ခရို ၀က်လေးတွေ ဖြစ်လာတယ်လို့ ဆိုရမှာပါ။

( Skyler )

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref:Daily Mail

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_85.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...