အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 3, 2015

ရည်းစားက iPhone 6s မ၀ယ်ပေး တာကြောင့် ဈေးဝယ် စင်တာထဲမှာ အ၀တ်အစား အကုန်ချွတ်ပစ်




လူတွေဟာ နောက်ဆုံးပေါ် Apple ထုတ်ကုန် တစ်ခု ကိုင်ရဖို့ အတွက် အမြဲတမ်း အရူးအမူး၊ အသည်း အသန် ဖြစ်တတ် ကြပါတယ်။

ဒါပေမယ့် iPhone 6s ကို ကိုင်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့တဲ့ ဒီမိန်းကလေးရဲ့ လုပ်ရပ် ကတော့ အငြင်း ပွားဖွယ်ရာ ပါပဲ။

တရုတ်နိုင်ငံက မိန်းကလေး တစ်ယောက်ဟာ ချစ်သူ ကောင်လေးကို Apple ရဲ့ နောက်ဆုံးပေါ် ဖုန်း ၀ယ်ပေးဖို့ ပူဆာ ခဲ့ပေမယ့် မအောင်မြင် ခဲ့တာကြောင့် နောက်ဆုံး ကောက်ရိုး တစ်မျှင် အနေနဲ့  အ၀တ်အစား အကုန်ချွတ်ပစ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

တခြားဈေးဝယ်သူ အများအပြားရှေ့ မှာ အ၀တ်အစား အကုန်ချွတ်ပစ် ခဲ့တဲ့ မိန်းကလေးရဲ့ ကြိုးပမ်းချက်ကို ဈေးဝယ် စင်တာမှာရှိတဲ့ CCTV ကင်မရာကနေ ရိုက်ကူး နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဗီဒီယို အပိုင်းမှာ မိန်းကလေး တစ်ယောက်ဟာ ချစ်သူကောင်လေးနဲ့ အချီအချ စကားများနေ တာကို တွေ့ မြင်ရပြီး နောက်ဆုံး မှာတော့ မိန်းကလေးဟာ သူမရဲ့ အ၀တ်အစား တွေကို ဆုတ်ဖြဲပြီး ကြမ်းပြင်ပေါ် လွှင့်ပစ် လိုက်တာကို မြင်တွေ့ ရပါတယ်။

သူဘာလုပ်လုပ် စိတ်ဝင်စားပုံ မရတဲ့ကောင်လေးက သူမအနားက ထွက်သွားပေမယ့်၊ မိန်းကလေးဟာ နောက်က လိုက်ပြီး ကောင်လေးကို အကြိမ်ကြိမ် ဆောင့်တွန်း နေတာကို မြင်ရမှာပါ။

အဆိုပါ မိန်းကလေး အနေနဲ့ iPhone 6s ကို နောက်ဆုံး ကိုင်ခွင့် ရခဲ့လားဆိုတာ သေချာ မသိရပေမယ့် ဒီ ဗီဒီယို အပိုင်းလေးကို စက်တင်ဘာ ၂၀ ရက်နေ့ က Youtube ပေါ်မှာ တင်ပြီးနောက် မကြာခင်မှာပဲ ကြည့်ရှုမှုပေါင်း ၁.၂ သန်းကျော် ရှိခဲ့ပါတယ်။



Original link - http://knowledge.thithtoolwin.com/2015/10/iphone-6s.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...