ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆရာဝန်တွေက ခေါင်းနှစ်လုံး ပါတဲ့ ကလေး မလေး တစ်ယောက်ကို မွေးဖွား ပေးနိုင်ခဲ့ပြီး ဆေးရုံမှာပဲ စောင့်ကြည့် ကုသမှု လုပ်ပေးနေ ရပါတယ်။
ခေါင်းနှစ်လုံးပါတဲ့ ကလေးက ဆေးရုံမှာ မွေးတယ်ဆိုတဲ့ သတင်းကို ကြားလို့ ထောင်နဲ့ချီတဲ့ လူတွေက ဆေးရုံကို လာပြီး ကြည့်ရှုကြ တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
အဲဒီ ကလေးဟာ ဗုဒ္ဓဟူးနေ့တုန်းက မွေးဖွားပြီး အခု အခါမှာ အသက်ရှု ခက်ခဲမှု ဖြစ်နေတဲ့ အတွက် မြို့တစ်မြို့က ဆေးရုံကနေ မြို့တော် ဒါကာမြို့က အကြီးဆုံး ဆေးရုံကို ခေါ်ပြီး ကုသမှု လုပ်နေရပါတယ်။
ဖခင်ဖြစ်သူ Jamal Mia ကတော့ သမီးကို တွေ့တဲ့ အခါမှာ အံ့အားသင့် မင်သက် ခဲ့ရတဲ့ အကြောင်း အခု အခါမှာတော့ သူ့သမီးလေးက ပါးစပ်နှစ်ခုနဲ့ အစာစားနေသလို နှာခေါင်းနှစ်ခုနဲ့ အသက်ရှုနေတယ်လို့ ပြောပါတယ်။
မိခင်နဲ့ ကလေး ကျန်းမာနေတဲ့ အတွက် အာလာ အရှင်မြတ်ကို ကျေးဇူး တင်တယ်လို့လည်း ပြောပါတယ်။
ကလေးရဲ့ ဖခင်က လယ်အလုပ် သမားဖြစ်တဲ့ အတွက် ဒီကလေးကို သာမာန်ထက် ပိုစောင့်ရှောက် ရမယ်ဆိုရင် တတ်နိုင် ပါ့မလား ဆိုပြီး ဆင်းရဲတဲ့ မိသားစုထဲကို ရောက်လာတဲ့ သမီးလေး အတွက် စိုးရိမ်နေ ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၀၈ ခုနှစ်တုန်းကလည်း ခေါင်းနှစ်လုံးပါတဲ့ ကလေးတစ်ယောက် မွေးဖွား ဖူးပေမယ့် မကြာခင်မှာပဲ သေဆုံး သွားတယ်လို့ သိရပါတယ်။
(Credit: AFP)
ABC Radio Australia
Original link - http://www.radioaustralia.net.au/burmese/2015-11-13/1513876
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments: