အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 1, 2015

ဂြိုဟ်သားတွေ ကမ္ဘာကိုသိမ်းပြီး ကိုလိုနီလုပ်နိုင်ဟု စတီဗင်ဟော့ကင်း သတိပေး




တခြား ဂြိုဟ်သားတွေ ကမ္ဘာကို လာရောက် ပါက ကမ္ဘာကို သိမ်းပြီး ကိုလိုနီ ပြုနိုင် တယ်လို့ ရူပဗေဒ ပညာရှင် စတီဗင်ဟော့ကင်းက ပြောပါတယ်။

“တကယ်လို့ တခြား ဂြိုဟ်သားတွေ ရောက် လာမယ် ဆိုရင် မူရင်း နေထိုင်သူ အမေရိကန်တွေ အတွက် အလားအလာ မကောင်း ခဲ့တဲ့ ကိုလံဘတ် အမေရိကန်ကို ရောက်လာ သလိုနဲ့ အလား သဏ္ဌာန် တူပါလိမ့်မယ်” လို့ ပါမောက္ခ စတီဗင်ဟော့ကင်းက ပြောပါတယ်။

ဒါ့အပြင် သူတို့က ရေကြည်ရာ မျက်နုရာ လှည့်လည် နေထိုင်ပြီး ကမ္ဘာပေါ်က ရောက်သမျှ နေရာတိုင်းမှာ ကိုလိုနီ ပြုနိုင် တယ်လို့ ဆိုပါတယ်။

ဂြိုဟ်သားတွေ ရှိတယ် ဆိုတာ ကတော့ သံသယ ရှိစရာ မလိုပေမယ့် ဘယ်လို ပုံစံလဲ ဆိုတာ တွက်ချက်ဖို့ ကတော့ စိန်ခေါ်မှု တခုဖြစ် တယ်လို့ သူက ပြောပါတယ်။

လူသားတွေ ဆက်လက် ရှင်သန်နေ ထိုင်ရေး အတွက် ကတော့ တခြား ဂြိုဟ်ကို ရှာဖွေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် သဘာဝဘေး အန္တရာယ်က ကမ္ဘာကို ဖျက်ဆီးမှာ ဖြစ်တယ် လို့လည်း ဟော့ကင်းက ပြောပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114289

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...